မြောင်းမြအကျဉ်းထောင်တွင် ထောင်ဝန်ထမ်း၏ရိုက်နှက်မှုကြောင့် အကျဉ်းသားသေဆုံး

မြောင်းမြအကျဉ်းထောင်တွင် ထောင်ဝန်ထမ်း၏ရိုက်နှက်မှုကြောင့် အကျဉ်းသားသေဆုံး

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်ရှိ မြောင်းမြအကျဉ်းထောင်အတွင်း ထောင်ဝါဒါ(ထောင်ဝန်ထမ်း) တစ်ဦး ၏ရိုက်နှက်မှုကြောင့် အကျဉ်းသားတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများမှမဇ္ဈိမသို့ဆက်သွယ် သတင်းပေး ပို့လာသည်။

ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် မြောင်းမြအကျဉ်းထောင်အတွင်း အပြင်ဘုတ် (နှစ်အနည်းငယ်ကျသည့် အကျဥ်းသားများကိုအလုပ်ခိုင်းသည့်နေရာ)၌ အလုပ်လုပ်ကိုင်နေသူအကျဉ်းသားတစ်ဦးကို ထောင်ဝါဒါ တစ်ဦးမှ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မြောင်းမြပြည်သူ့ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရပြီး  ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မြောင်းမြဆေးရုံရှိ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးကပြောသည်။

“ မနေ့ညနေပိုင်းက ထောင်ဆေးရုံကတောင်မနိုင်တော့လို့လာပို့တာ။ အစောင့်တွေလည်းပါတယ်။ အကျဉ်းသားကို ထောင်ဝါဒါကရိုက်လို့ သွေးပါအန်ပြီးတော့ ရောက်လာတာ။ သူတို့အချင်းချင်းပဲ ကြည့်နေ ကြတယ်။ ဆေးရုံကဝန်ထမ်းထဲကတောင် ကုပေးသူတွေပဲ ကြည့်ခွင့်ရတယ်။ ဘယ်သူတွေလဲ ဘယ်ဝါလဲ ဆိုတာ မေးခွင့်မရဘူး” ဟု မြောင်းမြဆေးရုံမှ အမည်မဖော်လိုသူဝန်ထမ်းတစ်ဦးမှ မဇ္ဈိမကို ဆက်သွယ် ပြောကြားသည်။

အဆိုပါအကျဉ်းသားမှာ လွတ်ရက်နီး၍အပြင်ဘုတ်ထုတ်ထားချိန် အရိုက်ခံရခြင်းဖြစ်ပြီး သေဆုံးသူ ကိုယ်တိုင်တွင်လည်း ကျန်းမာရေးအခံတစ်စုံတစ်ရာရှိပုံရသည်ဟု ၎င်းကပြောသည်။

အကျဉ်းသားသေဆုံးခဲ့သည့်နောက် ရုပ်အလောင်းကိုချက်ချင်းသယ်ဆောင်သွား၍ မည်သူဖြစ်သည်ကိုမူ မသိရကြောင်းလည်း မြောင်းမြဆေးရုံမှ ဝန်ထမ်းကဆိုသည်။

မြောင်းမြအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား ၁၅၀ ကျော်ထိရှိနေပြီး လက်ရှိ အသက်ဆုံးပါး သွားသည့်အကျဉ်းသားမှာ နိုင်ငံရေးအကျဉ်းသားမဟုတ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ၏မိသားစု ဝင်များထံမှ ကနဦးစုံစမ်းချက်အရသိရသည်။

July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...
July 16, 2026
အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေး၏ အရေးပေါ်ကာလသက်တမ်းအား စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်ခြင်း သည်...
July 16, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လတ်တလော စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူလေးဦးကို...