ဆားလင်းကြီးမြို့နယ်မှကျေးရွာအချို့ စစ်ကောင်စီထိုးစစ်ကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

ဆားလင်းကြီးမြို့နယ်မှကျေးရွာအချို့ စစ်ကောင်စီထိုးစစ်ကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်ဒေသရှိကျေးရွာများအား စစ်ကောင်စီမှစစ်ကြောင်း ထိုးနေသောကြောင့် ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးတိမ်ရှောင်နေရကြောင်း အကူအညီပေးရေးအဖွဲ့ ထံမှ သိရသည်။

“ကျနော်တို့နယ်ထဲမှာတော့ အသိမိတ်ဆွေအိမ်တွေမှာနေကြတာရှိသလို တောထဲမှာရော၊ ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ အဆင်ပြေသလို နေရာချထားပေးနေရပါတယ်။ လောလောဆယ်အခြေအနေ အရ အရေးပေါ်လိုအပ်ချက်ဆိုရင် စားသုံးဆီနဲ့ ဆေးဝါးတွေလိုအပ်နေပါတယ်။ ကျန်တာတွေကလည်း အလှူရှင်တွေရဲ့အကူအညီနဲ့ ရပ်တည်နေရတာပါ” ဟု ကူညီပေးနေသော ဒေသခံတစ်ဉီးကပြောသည်။

ဆာလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသတဝိုက်အနီးရှိကျေးရွာများအား စစ်ကောင်စီတပ်သား များက ဇွန်လ ၂၃ ရက်နေ့မှစတင်ပြီးစစ်ကြောင်းထိုးကာ လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအားဖမ်းဆီးနှိပ်စက် စစ်ဆေးမေးမြန်းခြင်းများပြုလုပ်နေသောကြောင့် ဒေသခံများမှာ နေရပ်ကိုစွန့်ခွာ၍ မုံရွာမြို့ဖက်သို့ ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်ကြောင်း ဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေသောရွာများမှာ ညောင်ပင်ကြီးရွာ၊ ဝဲကြီး၊ ဝဲကွဲ၊ တုံ၊ တောကျောင်း၊ ရွာသစ်၊ လယ်တီ၊ ဇီးတော၊ ဆည်တဲ၊ ဖောင်းကတာ၊ ကျောက်ဖြူတိုင်၊ ထန်းတောကြီး၊ မိုးကြိုးပြင်၊ ဖောင်းကား၊ ဝက်မှေး၊ ခံတော၊ ရွှေလှေ၊ ရွာရှည်၊ ထန်းတော၊ တောင်ပလူ၊ ကျော်ရွာ စသည့်ကျေးရွာများမှ ဒေသခံ ၅,၀၀၀ ခန့်သည် မုံရွာမြို့ပေါ်နှင့် အခြားမြို့နယ်များတွင် တိမ်းရှောင်နေရကြောင်းသိရသည်။

၎င်းတို့နယ်မြေအတွင်း နေရာငါးနေရာတွင် လူဉီး ၁,၅၀၀ ခန့်ကို လက်ခံထားပြီး ဒေသခံအလှူရှင်များ၏ အကူအညီဖြင့် စောင့်ရှောက်ထားကြောင်းဆိုသည်။

လတ်တလောအားဖြင့် အဆင်ပြေနေသေးသော်လည်း ရေရှည်ဆိုလျှင် နေထိုင်စားသောက်မှု ခက်ခဲလာ နိုင်ကြောင်းနှင့် အကူအညီများလိုအပ်လာနိုင်ကြောင်း ဆိုသည်။

ဇွန်လ ၂၈ ရက် နောက်ဆုံးသိရသော သတင်းများအရ တိမ်းရှောင်လာသူထဲမှ အချို့သည် ရွာများသို့ ပြန်၍ကြည့်ကြကြောင်း၊ အိမ်မွေးတိရိစ္ဆာန်များကျန်ရစ်ခဲ့သဖြင့်၎င်း အခြေအနေကောင်းလျှင် အလုပ် အကိုင်များပြန်လည်လုပ်ကိုင်ပြီး မိမိရပ်ရွာတွင်ပြန်လည် နေထိုင်လိုသဖြင့် စနည်းနာကြည့်ကြခြင်းဖြစ် ကြောင်း အဆိုပါဒေသခံမှ ဆက်လက်ပြောကြားသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...