လက်ရှိ နိုင်ငံရေးအခင်းအကျင်းထဲမှာ ရှမ်းနီတိုင်းရင်းသားများဥပဒေမဲ့သတ်ဖြတ်ခံရမှု၊ ဖမ်းဆီးနှိပ်စက်ခံရမှုပိုများလာပြီး တစ်မျိုးသားလုံးရဲ့အန္တရာယ်လို့ SNUA ဆို

လက်ရှိ နိုင်ငံရေးအခင်းအကျင်းထဲမှာ ရှမ်းနီတိုင်းရင်းသားများဥပဒေမဲ့သတ်ဖြတ်ခံရမှု၊ ဖမ်းဆီးနှိပ်စက်ခံရမှုပိုများလာပြီး တစ်မျိုးသားလုံးရဲ့အန္တရာယ်လို့ SNUA ဆို

လက်ရှိနိုင်ငံရေးအခင်းအကျင်းထဲမှာ ရှမ်းနီတိုင်းရင်းသားတွေကို ဥပဒေမဲ့ သတ်ဖြတ်တာ ၊ ဖမ်းဆီးနှိပ်စက်ခံရတာတွေပိုများလာပြီး တစ်မျိုးသားလုံးရဲ့ အန္တရာယ်လို့  ရှမ်းနီအမျိုးသားများ ညီညွတ်ရေးအစည်းအရုံး SNUA က ဆိုပါတယ်။

ဒီလိုအန္တရာယ်ရှိနေတဲ့ အချိန်မှာ  စုစည်းညီညွတ်ပြီး ကာကွယ်စောင့်ရှောက်ဖို့ အချိန်ကျရောက်လာပြီလို့ သူတို့အစည်းအရုံးရဲ့ တည်ထောင်ခြင်းတစ်နှစ်ပြည့်တဲ့နေ့မှာ ထုတ်ပြန်လာခဲ့တာလည်းဖြစ်ပါတယ်။

ဇွန်လအတွင်းမှာ  ရှမ်းနီစာပေယဉ်ကျေးမှု အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦး ဥပဒေမဲ့ အသတ်ဖြတ်ခံရသလို ၊ လူငယ်ကွန်ရက် ခေါင်းဆောင်တစ်ဦးလည်း ဖမ်းဆီးနှိပ်စက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီလိုလူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့အပေါ် စဉ်ဆက်မပြတ်မှတ်တမ်းတင်နေပြီး ပြုလုပ်တဲ့အဖွဲ့ အစည်းတွေကိုလည်း တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့အတွက် တရားဥပဒေဆိုင်ရာ နိုင်ငံတကာစည်းမျဉ်းစည်း ကမ်းတွေအရ ကြိုးပမ်းသွားမယ်လို့ဆိုပါတယ်။

SNUA က ရှမ်းနီပြည်နယ် ရရှိရေး ၊ ရှမ်းနီတိုင်းရင်းသားတို့ရဲ့ ပညာရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့ကို  ရည်ရွယ်ပြီး ဖွဲ့စည်းထားတယ်လို့ဆိုပါတယ်။

ရှမ်းနီအမျိုးသားများ ညီညွတ်ရေးအစည်းအရုံးမှာ အနယ်နယ်အရပ်ရပ်က ရှမ်းနီလူငယ်တွေပူးပေါင်း ပါဝင်ဖွဲ့စည်းထားကြတာဖြစ်တယ်လို့သိရပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...