ဗန်းမောက်တွင် CDM ဆရာမ၏ဆေးခန်းအပါအဝင် နေအိမ်အချို့ကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူများအား ဖမ်းဆီ

ဗန်းမောက်တွင် CDM ဆရာမ၏ဆေးခန်းအပါအဝင် နေအိမ်အချို့ကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူများအား ဖမ်းဆီ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်ဗန်းမောက်မြို့နယ်တွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဝင် ထားသည့် သားဖွားဆရာမ၏ဆေးခန်းအပါအဝင် နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ ကြောင်း Banmauk Revolution – BR ၏ ဆက်သွယ်ရေးတာဝန်ခံထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းကလည်း ဗန်းမောက်မြို့နယ် ကျောက်အိုင်ရွာ သို့ သေနတ်ဖြင့်ပစ်ဖောက်ဝင်ရောက်၍ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့အပြင် ကျောက်အိုင်ရွာမှ ဒေသခံပြည်သူ အယောက် ၃၀ ခန့်အား အကြောင်းမဲ့ဖမ်းဆီးပြီး ဘုန်းကြီးကျောင်း‌တွင် ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

“လောလောဆယ် အိမ်နှစ်လုံး မီးလောင်သွားတယ်တဲ့ခင်ဗျ။ ပြေးလာရင်းနဲ့ဆိုတော့ နောက်ပိုင်းတော့ မသိဘူး။ ရွာသားတွေကို ဒီနေ့မှ ဖမ်းတာပါ။ ယောက်ျားတွေကို ဖမ်းတာပါ။ တစ်အိမ်တစ်ယောက်နှုန်း ဆိုပြီးတောင်းပါတယ်။ တချို့ကပြေး‌လို့ လွတ်သွားတာ။ ပေါ်တာဆွဲတာဖြစ်ဖို့ များတယ်ပါတယ်။ လူသား ဒိုင်းလည်း လုပ်ချင်လုပ်နိုင်တယ် ပြောလို့တော့ မရဘူးခင်ဗျ။ တိုက်ပွဲကအရင်က အင်းတော် ဘက်ခြမ်းမှာ ဖြစ်တာများပါတယ်။ အခုဗန်းမောက်ဘက် ကူးလာတဲ့သဘောပါ။ စီးမော်ရွာက CDM ဆရာမရဲ့ ဆေးခန်း ကို မီးရှို့သွားပါတယ်” ဟု Banmauk Revolution – BR မှ ဆက်သွယ်ရေးတာဝန်ခံ ဗိုလ်တိုကျိုက ပြောသည်။

ထို့ပြင် အနီးအနားရှိရွာများကိုလည်း လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ ပြည်သူများ ရွာလုံးကျွတ်ထွက် ပြေးတိမ်းရှောင်နေကြရပြီး ယခုအခါ စစ်ဘေးရှောင်ရာချီရှိလာပြီဖြစ်သည်ဟု ဗိုလ်တိုကျိုက ဆိုသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း ဗန်းမောက်တောင်ပိုင်းအား တစ်ကြောင်းလျှင် အင်အား ၁၀၀ စီခန့်ပါသော စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ ကျောက်အိုင်ရွာသည် ဗန်းမောက်မြို့မှ ၁၀ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ ၄၁ လုံးရှိကာ စီးမော်ရွာ၏ သုံးမိုင်ခန့်အကွာတွင် တည်ရှိသည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...