Park Jong Cheol လူ့အခွင့်အရေးဆု ဒေါက်တာတေဇာဆန်း ရရှိ

Park Jong Cheol လူ့အခွင့်အရေးဆု ဒေါက်တာတေဇာဆန်း ရရှိ

ကိုရီးယားနိုင်ငံမှချီးမြှင့်သည့် (၁၈) ကြိမ်မြောက် Park Jong Cheol လူ့အခွင့်အရေးဆုအား မြန်မာ့ ဒီမိုကရေစီအရေးလှုပ်ရှားဦးဆောင်သူတစ်ဦးဖြစ်သည့် ဒေါက်တာတေဇာဆန်းကို ချီးမြှင့်လိုက်ကြောင်း အကဲဖြတ်ကော်မတီက ကြေညာလိုက်သည်။

ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်သူများကို ပေးအပ်လေ့ရှိသည့် ယင်းဆုပေးအပ်ချီးမြှင့်ပွဲ အခမ်း အနားကို ဇွန်လ ၂၉ ရက်တွင် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်အမျိုးသားတက္ကသိုလ်၌ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ယမန်နှစ်က Park Jong Cheol လူ့အခွင့်အရေးဆုကို ဒီမိုကရေစီအတွက် အာဏာသိမ်းစစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ပွဲဝင်နေကြရသည့် မြန်မာပြည်သားအားလုံးကို ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါဆုသည် ပြင်းထန်သည့်တော်လှန်ရေးကို ဆင်နွှဲရင်း ရင်ဆိုင်နေရသည့် ဒုက္ခဆိုးများနှင့် ခါးသီးသော အခြေအနေများမှလွတ်မြောက်နိုင်ရန် တောင်ကိုရီးယားနိုင်ငံအနေဖြင့် အချင်းချင်းအားအင်ဝေမျှရင်း ကူညီသွားမည်ဟု ကတိပြုသည့် အဓိပ္ပာယ်ကို ကိုယ်စားပြုသည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

Park Jong Cheol လူ့အခွင့်အရေးဆုမှာ ကိုရီးယားနိုင်ငံတွင် ၁၉၈၇ ခုနှစ်က စစ်အာဏာရှင် ချန်ဒူးဝမ်ကို ဆန့်ကျင်လှုပ်ရှားမှုများတွင်ဦးဆောင်ပါဝင်ရင်း ညှဉ်းပန်းနှိပ်စက်ခံရကာသေဆုံးခဲ့ရသည့် ဆိုးလ် အမျိုးသားတက္ကသိုလ် ကျောင်းသားကောင်စီဥက္ကဋ္ဌတစ်ဦးဖြစ်သည့် ၂၁ နှစ်အရွယ် Park Jong- Cheol ၏ အမည်ကို အစွဲပြုကာ ပေးထားခြင်းဖြစ်သည်။

၎င်းကို ဂုဏ်ပြုသောအားဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်း များအား နှစ်စဉ်ပေးအပ်လေ့ရှိကြောင်း သိရသည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...