သျှမ်းနီအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုဥက္ကဋ္ဌကို သတ်ဖြတ်ခဲ့သည့် အဖွဲ့အစည်းအား စုံစမ်းလျှက်ရှိ

သျှမ်းနီအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုဥက္ကဋ္ဌကို သတ်ဖြတ်ခဲ့သည့် အဖွဲ့အစည်းအား စုံစမ်းလျှက်ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ ရပ်ကွက်(၃)နေ သျှမ်းနီအမျိုးသား စာပေနှင့်ယဉ်ကျေးမှုကော်မတီ၏ ဒုတိယဥက္ကဋ္ဌဦးသန်းဖေသည် ဇွန်လ ၂၅ ရက်နေ့ညနေပိုင်းက သေနတ် ဖြင့်ပစ်သတ်ခံရ၍ သေဆုံးခဲ့သည်။

အသက် ၆၀ ကျော်အရွယ်ရှိပြီဖြစ်သည့် ဦးသန်းဖေကိုသတ်သွားသည့်အဖွဲ့အား စုံစမ်းနေဆဲဖြစ်ပြီး သိရှိပါ က ပတ်သက်သည့်အဖွဲ့များ၏ အကြီးအကဲများထံတိုင်ကြား၍ အရေးယူမှုများပြုလုပ်နိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

၎င်းကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းကြောင့်သတ်သည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ရှမ်းပြည် နယ်ရှိ အရပ်ဘက်အဖွဲ့များထံမှသိရသည်။

“လောလောဆယ် ဘယ်သူဘယ်ဝါသတ်တယ်ဆိုတာ စုံစမ်းနေဆဲပါ။ အဲဒီဘက်မှာက စစ်တပ်လည်းရှိ တယ်၊ PDFတွေလည်းရှိတယ်၊ KIAလည်း လှုပ်ရှားနေတယ်ဆိုတော့ ဘယ်သူဘယ်ဝါသတ်တယ်ဆိုတာကို တပ်အပ်ကြီးပြောလို့မရသေးဘူး” ဟု သျှမ်းအရပ်ဖက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြော သည်။

ဦးသန်းဖေကို ၎င်း၏နေအိမ်၌ရှိနေစဉ် ညနေပိုင်းတွင် ဆိုင်ကယ်ဖြင့်လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ခဲ့မှုကြောင့် မျက်လုံး၊ နှာခေါင်းနှင့်လက်မောင်းတို့တွင် ဒဏ်ရာများရရှိကာ အဆိုပါဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

“ဘယ်လက်နက်ကိုင်ဆိုတာသေချာမသိပေမယ့် ကျွန်တော်တို့ လက်ခံလို့လုံးဝမရဘူး။ လက်ခံလို့မရသလို လုပ်သွားတဲ့သူတွေကို တာဝန်ယူပြီးတော့ ဖြေရှင်းစေချင်တယ်” ဟု သျှမ်းအရပ်ဖက်အဖွဲ့တစ်ခု၏ တာဝန် ရှိသူက ပြောသည်။

ဦးသန်းဖေသည် သျှမ်းနီရှေးဟောင်းစာပေလေ့လာလိုက်စားသူတစ်ယောက်ဖြစ်ပြီး သျှမ်းနီစာပေအရေး လုပ်ဆောင်မှုများတွင် ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဦးသန်းဖေသည် လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတာဝန်များကိုထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်းလည်း ဒေသခံ များ၏ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း စစ်ကိုင်းတိုင်း ၊ဗန်မောက်မြို့နယ်တောင်းပိုင်း သျှမ်းနီစာပေနှင့်ရိုးရာ ယဉ်ကျေးမှုတာဝန်ခံ စိုင်းကျန်အောင်(ခ)ဆေလိုင်ကို ဗန်မောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လေးရက် ကြာဖမ်းဆီး၍ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...