တာပိန်မြစ်ရေ လွှမ်းမိုးမှုကြောင့် ပဲပုတ်စိုက်ခင်း ဧကထောင်နှင့် ချီပျက်စီးဆုံးရှုံး

တာပိန်မြစ်ရေ လွှမ်းမိုးမှုကြောင့် ပဲပုတ်စိုက်ခင်း ဧကထောင်နှင့် ချီပျက်စီးဆုံးရှုံး

မိုးမောက်မြို့နယ် တာပိန်မြစ်ရေကြီးမှုကြောင့် စိုက်ပျိုးထားတဲ့ ပဲပုတ် ဧကထောင်ချီ ပျက်စီးဆုံးရှုံးပြီး တောင်သူများ အရှုံးနဲ့ရင်ဆိုင်နေရတယ် လို့ မန်နောင် ကျေးရွာ တောင်သူတွေဆီက သိရပါတယ်။

“ အခြေအနေကရာသီဥတုကြောင့်ပါ့ ရေလွှမ်းတာလေ ၊ ရေလွှမ်းပြီးတော့မှ တောင်သူတွေအကုန်ရှုံးတာလေ၊ ရေက တစ်ခါလွှမ်းရင် ရက်ပေါင်းနှစ်ဆယ်လောက်ရှိတယ်။ မိုးကတအားများတော့ ရေလွှမ်းတာလေ သီးနှံအကုန်လုံးပဲ ရေလွှမ်းလိုက်တာ” လို့ မန်နောင်ရွာက တောင်သူတစ်ဦး ပြောပြပါတယ်။

တာပိန်မြစ် ရေကြီးရေလျှံဖြစ်လာပြီး ရေလွှမ်းချိန် ရက်ပေါင်း ၂၀ ကျော်ကြာမြင့် တာကြောင့် စိုက်ပျိုးထားတဲ့ ပဲပုတ် အပင်တွေ ပျက်စီးခဲ့တာဖြစ်တယ်လို့ တောင်သူများကပြောပါတယ်။

‘’ဒီနှစ်ပဲပုတ်ဈေးကောင်းပေးတဲ့ နှစ်ကျမှ အပင်တွေ ပျက်စီးသွားတော့ ကျနော်တို့ အကုန် ရှုံးပေါ်တာပေါ့ ‘’လို့ တောင်သူ တစ်ဉီးက ပြောပါတယ်။

ဒီလိုပျက်စီးမှုတွေကြောင့် တောင်သူတစ်ဦးကိုအနည်းဆုံး  ပျှမ်းမျှ ကျပ်သိန်း ၅၀  ဝန်းကျင်ခန့် ဆုံးရှုံးကြတာလို့သိရပါတယ်။

တောင်သူတွေအတွက် ဒီလိုပျက်စီးမှုတွေရှိနေပေမယ့်လည်း သက်ဆိုင်ရာတွေက ကူညီထောက်ပံ့တာ ၊ မေးမြန်းတာတွေ မရှိဘူးလို့လည်းသိရပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...