တောင်ကြီးမြို့ရှိ ပျံကျဈေးသည်များအား ပိတ်သိမ်းခိုင်း မူးယစ်ဆေးဝါးဖျက်ဆီးပွဲ မင်းအောင်လှိုင် လာရောက်မည်ဟုဆို

တောင်ကြီးမြို့ရှိ ပျံကျဈေးသည်များအား ပိတ်သိမ်းခိုင်း မူးယစ်ဆေးဝါးဖျက်ဆီးပွဲ မင်းအောင်လှိုင် လာရောက်မည်ဟုဆို

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (မိန်းလမ်း) ပေါ်တွင် ရောင်းချနေသည့် ပျံကျဈေးသည်များအား စည်ပင်သာယာရေးဌာနမှ ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့က စတင်ပြီး ဇွန်လ ၂၈ ရက်အထိ စုစုပေါင်း ခြောက်ရက် ဖယ်ရှား ပိတ်သိမ်းခိုင်းထားကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေးတစ်လျှောက်တွင် အချိန်ပိုင်းရောင်းချသည့် ဈေးသည်အများအပြားရှိနေပြီး ပိတ်သိမ်းခိုင်းသည့်အကြောင်းရင်းမှာ အဝေရာမီးပုံးပျံကွင်းတွင် ဇွန်လ ၂၆ ရက်နေ့၌ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲရှိကြောင်း၊ အဆိုပါပွဲမှာ နှစ်စဉ်ကျင်းပလေ့ရှိရာ ယခုအကြိမ်တွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်လာရောက်မည့်သတင်း ကြားသိရကြောင်း တောင်ကြီးမြို့ဒေသခံများထံက သိရသည်။

''မူးယစ်ဆေးဖျက်ဆီးပွဲအတွက် မင်းအောင်လှိုင်လာမယ် ပြောပါတယ်။ မအလ လာဖို့ရှိရင် အမြဲတမ်းတင်းကျပ်နေကျပါ။ ၂၀၁၂ ကနေ ၂၀၁၉ အထိ ဒီလိုမဖြစ်တာကြာပြီ။ ခေတ်များပြောင်းပုံကတော့ အရင်က အမေစု ယာဉ်တန်းလာတာတောင် ဈေးရောင်းမပျက်ကြတဲ့ ဈေးသည်တွေ၊ အခုတစ်ခါတော့ ဈေးသည်တွေပါ ဒုက္ခရောက်တာပေါ့။ အခု အဲ့ဈေးသည်တွေကို အကုန် ရှင်းထုတ်ပြီး ပလက်ဖောင်းတွေဆို မိုးရွာနေတာတောင် ဆေးပြန်သုတ်နေကြတယ်''ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးတစ်လျှောက် ဖွင့်ထားသည့်ဆိုင်များသာ ပိတ်ခိုင်း ခြင်းဖြစ်ပြီး အခြားနေရာရှိ ပျံကျဈေးသည်များအား ပိတ်ခိုင်းခြင်းမရှိကြောင်း၊ စည်ပင်သာယာရေးဌာနမှ နေ့စဉ် ပျံကျခွန်ကို ဈေးသည်များထံမှ ကောက်ခံလျက်ရှိကြောင်း၊ မိန်းလမ်းမပေါ်တင် မဟုတ်ဘဲ လမ်းကြိုလမ်းကြား ကွမ်းယာဆိုင် တစ်ဆိုင်မကျန် ကောက်ခံကြောင်း၊ ဈေးသည်များမှာ စားဝတ်နေရေးအတွက် ခက်ခဲစွာရှာဖွေလုပ်ကိုင်နေကြသူများဖြစ်၍ ဒုက္ခရောက်နေရကြောင်း ဈေးသည်တစ်ဦးက ပြောသည်။

''မူးယစ်ဆေးဖျက်ဆီးမဲ့နေရာက ဈေးသည်တွေ ဖယ်ခိုင်းတယ်။ပြင်ဆင်မှုတွေလည်း လုပ်နေတယ်လေ။ ပျံကျဈေးသည်နေရာတွေ အကုန် စည်ပင်ကရောင်းစားထားတာ။ တစ်နေရာကို သိန်း၄၀၊ ၅၀ ပေးထားကြရတာ။ ပြီးတော့ နေ့စဉ်ပျံကျခွန်ဆိုပြီး ဆိုင်အခြေအနေ (ပေပတ်လည်) ပေါ်မူတည်ပြီး ကောက်တယ်။ စည်ပင်က တစ်မိနစ်စာတောင် ငွေမလျော့ချင်ဘူး။ ခုတော့ဈေးမရောင်းရတော့ တော်တော်လေးကို ဒုက္ခရောက်ရပါတယ်''ဟု တောင်ကြီးမြို့ရှိ ပျံကျဈေးသည်တစ်ဦးက ဆိုသည်။

ဗိုလ်ချုပ်လမ်းမဘေးတွင်ရောင်းချသည့် ဈေးသည်အများစုမှာ အချိန်ပိုင်းရောင်းချသူများဖြစ်ပြီး ယခုလက်ရှိတွင် ဈေးဆိုင်များအားလုံးကို ပိတ်သိမ်းထားရကြောင်း တောင်ကြီးမြို့ရှိ ဈေးသည်များထံက သိရသည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...