ပုလောမြို့နယ်တွင် ပစ်ခတ်ခံရခြင်းနှင့် ဒေသခံသေဆုံးသည့် ဖြစ်ရပ်များသည် PRDFလက်ချက် မဟုတ်ကြောင်း တုံ့ပြန်

ပုလောမြို့နယ်တွင် ပစ်ခတ်ခံရခြင်းနှင့် ဒေသခံသေဆုံးသည့် ဖြစ်ရပ်များသည် PRDFလက်ချက် မဟုတ်ကြောင်း တုံ့ပြန်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ပြည်သူများ ပစ်ခတ်ခံရခြင်း၊ ဒေသခံ သေဆုံးသူများနှင့်ပတ်သက်၍ PRDF အဖွဲ့မှ ပြုလုပ်ခြင်းမဟုတ်ကြောင်း  ဇွန်လ ၂၃ ရက် နေ့တွင် ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ပုလောမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းက မင်းထိန်ကျေးရွာရှိ အမျိုးသမီး အသတ်ခံရခြင်း၊ တိုကျေးရွာတွင်လည်း Non-CDM ဝန်ထမ်း တစ်ဦး အသတ်ခံရခြင်းနှင့် ဇွန်လ ၂၁ ရက်နေ့၌ မန်းကျည်းကုန်းရွာတွင် ပြည်သူနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ရပ်များသည် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ Palaw Regional Defense FORCE - (PRDF) တို့က ပြုလုပ်ခြင်း မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်များကြောင့် လက်ရှိအချိန်အထိ မည်သည့်အဖွဲ့က ပြုလုပ်ခြင်းဖြစ်သည်ကို ထုတ်ပြန်ခြင်း မရှိသေး၍ ပြည်သူများအနေဖြင့် စိတ်မလုံခြုံမှု၊ ဘဝင်မကျမှုများ ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောမြိူ့နယ်တွင် ဇွန်လ ၂၂ရက်က မင်းထိန်ကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့များက ပြည်သူများထံမှ နားကပ်ဖြုတ်ယူခြင်း၊ ငွေကြေးတောင်းယူခြင်းများအပြင် ရွာခံတချို့ကို ဖိအားပေး လမ်းပြခိုင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့ထားသည်။

ထို့အပြင် ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့သည် ပြည်သူများအတွက် ရပ်တည်၍ တိုက်ပွဲဝင်နေခြင်း ဖြစ်သောကြောင့် ပြည်သူများကို ထိခိုက်မှုရှိစေရန် ပြုလုပ်မည်မဟုတ်သည့်အပြင် စိတ်အနှောက်အယှက် ဖြစ်နေသည်ဟု သိရှိရသည်ကိုပင် စိတ်မကောင်း ဖြစ်မိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

PRDF အဖွဲ့သည် စစ်အာဏာရှင် ဒေါက်တိုင်များကိုတိုက်ခိုက်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် သေချာစိစစ်ပြီး အမှန်တကယ် ပြည်သူများကို သစ္စာဖောက်သောသူများ ဖြစ်မှသာ မတတ်သာသည့်အဆုံး နောက်ဆုံးနည်းလမ်းဖြင့် ဖြေရှင်းသွားမည် ဖြစ်သည်ဟု ဖော်ပြထားသည်။

ပြည်သူများ အနေဖြင့် စိတ်ချလက်ချ စိတ်လုံခြုံစွာ နေနိုင်ပါကြောင်းလည်း အသိပေးထားကာ အကယ်၍ တစ်စုံတစ်ရာ အမှားအယွင်း ဖြစ်ပေါ်ခဲ့ပါက ဖုံးကွယ်ထားခြင်း မရှိဘဲ လူကြီးလူကောင်း ပီသစွာ တာဝန်ယူ ဖြေရှင်းပေးမည် ဖြစ်ကြောင်းလည်း အသိပေးထားသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...