ရန်ကုန်တိုင်း စီမံဝန်ကြီး ဦးရဲမင်းဦးကို စစ်ကောင်စီ က ထောင်ဒဏ် ၁၅ နှစ် အမိန့်ချမှတ်

ရန်ကုန်တိုင်း စီမံဝန်ကြီး ဦးရဲမင်းဦးကို စစ်ကောင်စီ က ထောင်ဒဏ် ၁၅ နှစ် အမိန့်ချမှတ်

ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးကို အာဏာသိမ်း စစ်ကောင်စီက အဂတိအမှုနဲ့ ထောင်ဒဏ် ၁၅ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ဦးရဲမင်းဦးကို ဇွန် ၂၀ ရက်နေ့မှာ နေပြည်တော် အချုပ်ထောင်က အထူးတရားရုံးကနေ ထောင်ဒဏ် ၁၅ နှစ် အမိန့်ချမှတ်လိုက်တာပါ။

စစ်ကောင်စီက ဦးရဲမင်းဦးကို အဂတိအမှု ၅ မှုအတွက် တစ်မှုလျှင် ထောင်ဒဏ် ၃ နှစ်နှုန်းနဲ့ ထောင်ဒဏ် ၁၅ နှစ် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ဦးရဲမင်းဦးဟာ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ် လုပ်ငန်းရှင်တချို့အား ချေးငွေထုတ်ပေးရာမှာ အဂတိလိုက်စားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဦးရဲမင်းဦးဟာ NLD အစိုးရလက်ထက်တုန်းက နေပြည်တော် ဒုတိယမြို့တော်ဝန် အပြင် ရန်ကုန်တိုင်း စီမံကိန်းနဲ့ ဘဏ္ဍာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...