ရန်ကုန်တိုင်း စီမံဝန်ကြီး ဦးရဲမင်းဦးကို စစ်ကောင်စီ က ထောင်ဒဏ် ၁၅ နှစ် အမိန့်ချမှတ်

ရန်ကုန်တိုင်း စီမံဝန်ကြီး ဦးရဲမင်းဦးကို စစ်ကောင်စီ က ထောင်ဒဏ် ၁၅ နှစ် အမိန့်ချမှတ်

ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးကို အာဏာသိမ်း စစ်ကောင်စီက အဂတိအမှုနဲ့ ထောင်ဒဏ် ၁၅ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ဦးရဲမင်းဦးကို ဇွန် ၂၀ ရက်နေ့မှာ နေပြည်တော် အချုပ်ထောင်က အထူးတရားရုံးကနေ ထောင်ဒဏ် ၁၅ နှစ် အမိန့်ချမှတ်လိုက်တာပါ။

စစ်ကောင်စီက ဦးရဲမင်းဦးကို အဂတိအမှု ၅ မှုအတွက် တစ်မှုလျှင် ထောင်ဒဏ် ၃ နှစ်နှုန်းနဲ့ ထောင်ဒဏ် ၁၅ နှစ် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ဦးရဲမင်းဦးဟာ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ် လုပ်ငန်းရှင်တချို့အား ချေးငွေထုတ်ပေးရာမှာ အဂတိလိုက်စားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဦးရဲမင်းဦးဟာ NLD အစိုးရလက်ထက်တုန်းက နေပြည်တော် ဒုတိယမြို့တော်ဝန် အပြင် ရန်ကုန်တိုင်း စီမံကိန်းနဲ့ ဘဏ္ဍာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...