နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့်အမှုများ နေပြည်တော်အချုပ်ထောင်သို့ ပြောင်းရွှေ့စစ်မည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့်အမှုများ နေပြည်တော်အချုပ်ထောင်သို့ ပြောင်းရွှေ့စစ်မည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို စွပ်စွဲထားသည့်အမှုများကို လာမည့်ရုံးချိန်းကစပြီး နေပြည်တော်အချုပ်ထောင်တွင် အသစ်ဆောက်လုပ်ထားသည့် အထူးတရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးသွားမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

ယမန်နေ့ ရုံးချိန်းတွင် တရားသူကြီးက နေပြည်တော်အချုပ်ထောင်တွင် အသစ်ဆောက်သည့် တရားရုံးအဆောက်အဦးမှာ ပြီးစီးသွားပြီဟု အသိပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်ရှိ လျှို့ဝှက်နေရာတစ်ခုတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး နေပြည်တော်ကောင်စီဝန်းအတွင်း ပြုလုပ်နေသည့် ရုံးချိန်းများအတွက် လုံခြုံရေးတင်းကြပ်စွာဖြင့် ရုံးထုတ်စစ်ဆေးလျက်ရှိသည်။

အမှုများကို လက်ရှိတွင် နေပြည်တော်ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် သောကြာနေ့များတွင် ရုံးထုတ်စစ်ဆေးနေခြင်းဖြစ်သည်။

အချုပ်ထောင်ထဲရှိတရားရုံးတွင် ပြောင်းရွှေ့စစ်ဆေးခြင်းက အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်တွင်းသို့ပြောင်းရွှေ့ချုပ်နှောင်ထားမှာလားဆိုတာတော့ မသိရသေးပေ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုဖမ်းဆီးကာ အာဏာသိမ်းခဲ့သော စစ်ကောင်စီဘက်က စွဲချက်တင်ထားသောအမှုပေါင်း ၁၉ မှုရှိပြီး အမှုခြောက်မှုအတွက် ပြစ်ဒဏ်ပေါင်း ၁၅ နှစ်ချမှတ်ပြီးဖြစ်သည်။ သို့သော် ပထမဆုံးချမှတ်သောအမှုနှစ်မှုအတွက် စစ်ကောင်စီက နှစ်နှစ်ပြန်လည်လျော့ပေ့ါပေးခဲ့သည်။ ကျန်ရှိနေသေးသောအမှုများအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ၁၂၂ နှစ်ဖြစ်သည်။

ယမန်နေ့ ရုံးထုတ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ဆက်စပ်ပြီး စွဲဆိုထားသည့် အမှုလေးမှုကိုစစ်ဆေးခဲ့သည်။ နွမ်းပါးသူများအတွက် သက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ၊ စာကြည့်တိုက်များနှင့် ဖောသဘာ၀ဘေးသင့်ဒေသများအတွက်အလှူများပေးသော ဒေါ်အောင်ဆန်းစုကြည်၏မိခင်ကိုဂုဏ်ပြုအမည်ပေးထားသော ဖောင်ဒေးရှင်းထူထောင်လုပ်ကိုင်မှုတွင် အဂတိလိုက်သည်ဆိုသောစွပ်စွဲမှုများဖြစ်သည်။ အမှုနံပါတ် (၃)၊ (၄) ၊ (၅) တို့အတွက်ပြန်ခေါ်သက်သေများကို ပြီးခဲ့သည့် ရုံးချိန်းတွင် စစ်ဆေးပြီးစီးခဲ့ပြီး ယမန်နေ့ ရုံးချိန်းတွင် စွပ်စွဲခံရသူများက အမှုများနှင့် ပတ်သက်ပြီး ကျူးလွန်ခြင်းမရှိသည့်အတွက် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ကြသည်။

ထို့အပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း (ရုံးချုပ်) ဖွင့်လှစ်ရန် ဗဟန်းမြို့နယ်၊ တက္ကသိုလ် ရိပ်သာလမ်း၊ အမှတ် ၆၀ရှိ မြေ ၁ ဒသမ ၈၆ဧကနှင့် အဆောက်အဦးကိစ္စနှင့် ပတ်သက်ပြီး စွပ်စွဲထားသည့်အမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုအချို့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေပြည်တော်မြို့တော်ဝန်ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူတို့လည်း ပူးတွဲစွဲဆိုခံထားရသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...