စစ်ကိုင်းနှင့် မကွေးရှိ အဓိကလမ်းမကြီးများ၏ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီဟု NUG ပြော

စစ်ကိုင်းနှင့် မကွေးရှိ အဓိကလမ်းမကြီးများ၏ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီဟု NUG ပြော

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ အဓိက လမ်းမကြီးများ၏ ၉၀ ရာခိုင်နှုန်းခန့်ကို ခုခံကာကွယ်တော်လှန်စစ်ပွဲ ကိုးလအကြာတွင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားနိုင်ပြီဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ပြောသည်။

ဇွန်လ ၂၁ ရက်နေ့ပြုလုပ်သည့် NUG အစိုးရ သတင်းစာရှင်းလင်းပွဲတွင် Press Secretary အဖွဲ့တာဝန်ရှိသူ ဦးနေဘုန်းလတ်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“နယ်မြေစိုးမိုးမှုအနေနဲ့ ပြောရမယ်ဆိုရင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ အဓိက လမ်းမကြီးတွေရဲ့ ၉၀ ရာခိုင်နှုန်းခန့်၊ ကျေးရွာတွေရဲ့ ၈၀ ရွာခိုင်နှုန်းခန့်ကို PDF တွေ စိုးမိုးထားနိုင်ပြီ ဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ကို ဖွဲ့စည်းပြီး ကိုးလကျော်အကြာ လက်ရှိအချိန်မှာ ယခင်ပြောက်ကျားစနစ်ကတစ်ဆင့် လိုအပ်ပါက တပ်ရင်းတပ်ဖွဲ့အလိုက် ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲနိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း NUG ဘက်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ် PDF များအား လက်နက်တပ်ဆင်မှု အပိုင်းတွင် ဝယ်ယူတပ်ဆင်မှုများရှိသလို ဒေသတွင်း ထုတ်လုပ်တပ်ဆင်ခြင်း နှစ်မျိုးဖြင့် အနိမ့်ဆုံးလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်နေ ကြောင်းလည်း ဆိုသည်။

သို့သော် NUG အနေဖြင့် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်ထားမှု အရေအတွက် အခြေအနေ အသေးစိတ်ကို ထုတ်မပြောပေ။

“တော်လှန်ရေးပြင်းထန်တဲ့ဒေသမှာ အများဆုံး ထောက်ပံ့တာရှိသလို တိုက်ပွဲမပြင်းထန်တဲ့နေရာမှာ ရာခိုင်နှုန်း လျော့ပြီး ထောက်ပံ့တာ ရှိပါတယ်” ဟု NUG တာဝန်ရှိသူက ပြောသည်။

ယင်းအပြင် တနင်္သာရီတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးများအပါအဝင် မြို့ပြများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား တိုက်ခိုက်သော မြို့ပြပြောက်ကျားတိုက်ခိုက်မှုများ ဆက်ရှိနေဆဲဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား နေရာအနှံ့တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းသည် စစ်ကောင်စီတပ်၏ ပစ်မှတ်ထား တိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကို အများဆုံး ကြုံနေကြရသည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...