မွေးနေ့ပြုလုပ်ပေးကြသည့် ပြည်သူများကို ကျေးဇူး တင်ကြောင်း၊ ကျန်းမာရေးဂရုစိုက်ကြရန်နှင့် ညီညီညီညွတ်ညွတ်ရှိကြရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မွေးနေ့ပြုလုပ်ပေးကြသည့် ပြည်သူများကို ကျေးဇူး တင်ကြောင်း၊ ကျန်းမာရေးဂရုစိုက်ကြရန်နှင့် ညီညီညီညွတ်ညွတ်ရှိကြရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မွေးနေ့ပွဲပြုလုပ်ပေးကြသည့် ပြည်သူများကို ကျေးဇူးတင်ကြောင်း၊ ကျန်းမာရေးဂရုစိုက်ကြရန်နှင့် ညီညီညွတ်ညွတ်ရှိကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၂၀ရက်နေ့ရုံးထုတ်တွင် ပြောကြားခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

“ပြည်သူတွေကို ကျေးဇူးတင်တဲ့အကြောင်း၊ အကုန်လုံး ကျန်းမာရေးဂရုစိုက်ကြဖို့အကြောင်း၊ အားလုံးတစ်ယောက်နဲ့တစ်ယောက်ကူညီပြီး ညီညွတ်ဖို့၊ ညီညီညွတ်ညွတ်ရှိဖို့အကြောင်းနောက် ဆုတောင်းပေးတဲ့အတွက်လည်း အများကြီးကျေးဇူးတင်ပြီးတော့ ကျန်းမာကြဖို့လည်း သူမေတ္တာပို့သတယ်ဆိုတဲ့အကြောင်းပြောပါတယ်”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ယမန်နေ့ က  ပြုလုပ်သည့် တရားခွင်မစတင်မီ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ရှေ့နေအဖွဲ့နှင့် မွေးနေ့ပွဲပြုလုပ်ခဲ့ပြီး ၎င်း၏ ရှေ့နေများ၊ တရားခွင်အစောင့်များနှင့် ၎င်း၏ ယာဉ်မောင်းသူ တို့ကို ကိတ်မုန့်ခွဲဝေကျွေးခဲ့ကြောင်းလည်း သိရသည်။

 ဇွန်လ ၁၉ ရက်နေ့က ကျရောက်ခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၇၇ နှစ်ပြည့်မွေးနေ့တွင် ပြည်သူများက မွေးနေ့အထိမ်းအမှတ်ပြုလုပ်ခဲ့ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များလည်း ပြုလုပ်ခဲ့ကြသည်။

အာဏာသိမ်းသည့်နေ့ကတည်းက စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီဘက်က အဂတိမှု ၁၂ အပါအဝင် အမှုပေါင်း ၁၉ မှုဖြင့်တရားစွဲခဲ့ပြီး အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁နှစ်ချမှတ်ထားသည်။

လက်ရှိတွင် စစ်ကောင်စီက ၎င်းကို နေပြည်တော်ရှိ လျို့ဝှက်နေရာတစ်ခုတွင် ထိန်းသိမ်းထားပြီး ရုံးချိန်းများအတွက် လုံခြုံရေးတင်းကြပ်စွာဖြင့် ရုံးထုတ်လျက်ရှိသည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...