သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၃မှာနောက်ဆုံးအကြိမ် ကျင်းပမယ်

သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၃မှာနောက်ဆုံးအကြိမ် ကျင်းပမယ်

သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၃ ခုနှစ်မှာ နောက်ဆုံးအကြိမ် ကျင်းပမယ်လို့  မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဇွန်လ ၁၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဇွန်လ ၁၇ ရက်နေ့မှာ သင်ရိုးဟောင်းရဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကိုထုတ်ပြန်ရာ စာမေးပွဲဖြေဆိုသူ နှစ်သိန်းရှစ်သောင်းကျော်ရှိတဲ့အထဲမှာ တစ်သိန်းသုံးသောင်းကျော် အောင်မြင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

နှစ်စဉ် ပျှမ်းမျှ တက္ကသိုလ်ဝင်တန်းကို လူရှစ်သိန်းနဲ့ ၁ သန်းကြားမှာ ဝင်ရောက်ဖြေဆိုခဲ့ကြတာလည်းဖြစ်ပြီး လွန်ခဲ့တဲ့နှစ်မှာတော့ ဖြေဆိုသူက ၃၀ ရာခိုင်နှုန်းသာရှိခဲ့တယ်လို့ ခန့်မှန်းရပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုကြောင့် ၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ်မှာ ကျောင်းသူ/သား ၇၀ ရာခိုင်နှုန်းကျော်ခန့်က ကျောင်းမတက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒီနှစ် ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်မှာ ကျောင်းတက်နေတဲ့သူ ၅.၆ သန်းရှိပြီး တက္ကသိုလ်ဝင်တန်းကို တက်ရောက်နေတဲ့သူတွေရဲ့ အရေအတွက်ကိုတော့ မသိရှိရသေးပါဘူး။

စနစ်သစ်က ၁၂ တန်းထိ ပါရှိမှာဖြစ်ပြီး ကနဦး စစ်ကောင်စီပညာရေးထုတ်ပြန်ချက်အတွေအရ Grade 12 ကို ဗဟိုက စစ်ဆေးမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စနစ်သစ်စာမေးပွဲတွေက ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုမှုအောင်မြင်ပြီး သင်ယူပြီးမြောက်ကြောင်းလက်မှတ်ရရှိမှာဖြစ်ပြီး အဲ့လက်မှတ်နဲ့ ကောလိပ် ၊ Institue တွေနဲ့ သက်ဆိုင်ရာ တက္ကသိုလ်တွေရဲ့ ဝင်ခွင့်ပြောဆိုရမှာလို့ ဆိုထားပါတယ်။

သင်ရိုးသစ်ဟာ ကမ္ဘာ့နိုင်ငံ အတော်များများမှာ ကျင့်သုံးနေတဲ့ပညာရေးစံနစ်တွေနဲ့ မြန်မာ့ပညာရေးကို ကိုက်ညီအောင် လုပ်ဆောင်ထားတာလို့ သင်ရိုးသစ်ရေးစဉ်ခဲ့စဉ်ခဲ့ပါဝင်ခဲ့သူတွေက ပြောဆိုထားကြပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...