စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိအချို့ကို ဖမ်းဆီးထားကြောင်း AA ပြော

စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိအချို့ကို ဖမ်းဆီးထားကြောင်း AA ပြော

စစ်ကောင်စီတပ်ဘက်က ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်အချို့ကို နေအိမ်အထိ ညအချိန်မတော် ဝင် ရောက်ဖမ်းဆီးမှုများပြုလုပ်နေသည့်အတွက် AA ဘက်ကလည်း တန်ပြန် တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိအချို့ကို ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

ယနေ့ ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ရက္ခိုင့်တပ်တော် (AA) ၏ တတိယအကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲတွင် ဦးခိုင်သုခက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ULA/ AA တပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်တွေကို ညအချိန်မတော် ဝင်ရောက်ဖမ်းဆီးမှုတွေ ရှိနေ ပါတယ်။ အရင်လနဲ့ ဒီလအထဲမှာ ULA/ AA တပ်ဖွဲ့ဝင် တချို့ကို စစ်ကောင်စီက ဖမ်းဆီးထားတာ ရှိပါ တယ်။ အဲဒီအတွက် ကျွန်တော်တို့ဘက်ကလည်း ပြန်လည်ဖမ်းဆီးရတာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ရက္ခိုင့်တပ်တော် (AA) ဘက်က ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်နှင့် အရာရှိ အရေ အတွက်ကိုမှု ဦးခိုင်သုခက ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။

ရခိုင်ပြည်နယ်အတွင်း နှစ်ဘက်စစ်ရေးတင်းမာနေချိန် မေလနှင့် ဇွန်လအစပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်အချို့ကို စစ်ကောင်စီဘက်က နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်နေခြင်း ဖြစ် သည်။

အဆိုပါ ဖမ်းဆီးထိန်းသိမ်းထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကောင်းမွန်စွာထိန်းသိမ်းထားသကဲ့သို့ စစ်ကောင်စီဘက်ကလည်း ဖမ်းဆီးထိန်းသိမ်းခံထားရသော AA တပ်ဖွဲ့ဝင်တချို့ကိုကောင်းမွန်စွာ ထိန်း သိမ်းထားမည်ဟုမျှော်လင့်ကြောင်း ဦးခိုင်သုခက ဆိုသည်။

ယင်းအပြင် စစ်ကောင်စီဘက်က ဖမ်းဆီးထိန်းသိမ်းခံထားရသော AA တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးပါက ၎င်းတို့ထိန်းသိမ်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ကိုလည်း ချက်ချင်းပြန်လွှတ်ပေးမည်ဟု ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့ဘက်က ဖမ်းဆီးထိန်းသိမ်းထားတာ မြန်မာစစ်တပ်အရာရှိအချို့ရှိပါတယ်။ နှစ်ဖက် တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံထားရတဲ့ တပ်ဖွဲ့ဝင်တွေ လွတ်မြောက်ဖို့၊ ကိုယ့်အဖွဲ့အစည်းကို ကိုယ်ပြန်ရောက် ဖို့အတွက် ကြားလူကတစ်ဆင့် ညှိနှိုင်းဆောင်ရွက်နေတာတွေ ရှိပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၌ သွားလာနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်းလည်း AA က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် လတ်တလောကာလအတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များ အကြား နှစ်ဘက်စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်စခန်းနှင့်နီးကပ်သည့်နေရာများကို သွားလာခြင်း မပြုဘဲ ရှောင်ရှားနေထိုင်ကြရန်လည်း ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ထပ်မံတိုက်တွန်းခဲ့သည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...