စစ်ကောင်စီကျင်းပမယ့် ၂၀၂၃ရွေးကောက်ပွဲက စစ်အာဏာရှင်စနစ် ပိုခိုင်မြဲသွားစေမယ်လို့ အရပ်ဘက်အဖွဲ့၃၀ ကျော်သဘောထားထုတ်ပြန်

စစ်ကောင်စီကျင်းပမယ့် ၂၀၂၃ရွေးကောက်ပွဲက စစ်အာဏာရှင်စနစ် ပိုခိုင်မြဲသွားစေမယ်လို့ အရပ်ဘက်အဖွဲ့၃၀ ကျော်သဘောထားထုတ်ပြန်

စစ်ကောင်စီက  လာမယ့်နှစ်မှာကျင်းပမယ်လို့ ဆိုင်းပြင်းနေတဲ့ ရွေးကောက်ပွဲက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေပြုလုပ်မှာဖြစ်ပြီး   စစ်အာဏာရှင်စနစ်ကို ပိုမိုခိုင်မြဲသွားစေမှာသာဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့ (၃၂) ဖွဲ့နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့က သဘောထားထုတ်ပြန်ထားကြပါတယ်။

တော်လှန်တိုက်ပွဲဝင်နေကြသူတွေရဲ့ ရည်မှန်းချက်က စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စနစ်တည်ဆောက်ရေးတို့ဖြစ် တယ်လို့ ဒီအဖွဲ့တွေက ဆိုပါတယ်။

ရွေးကောက်ပွဲသာဖြစ်လာမယ်ဆိုရင် စစ်အုပ်စုက နိုင်ငံရေး ၊ စစ်ရေး ၊ စီးပွားရေးစတဲ့ အဘက်ဘက်ကနေကျဆင်းနေတဲ့ အခြေအနေကနေ တစ်စုံတစရာထုတ်ပြောပြီးရလာနိုင်တဲ့အနေအထားသစ်တစ်ခုကို ရရှိသွားမယ်လို့ ထောက်ပြကြပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီရဲ့ ထွက်ပေါက်မှန်သမျှကို အခိုင်အမာပိတ်ဆို့ဖို့ အတွက်လည်း တိုက်တွန်းထားကြပါတယ်။

စစ်ကောင်စီက လာမယ့် ၂၀၂၃ ဩဂုတ်လမှာ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြီးအာဏာပြန်လွဲမယ်လို့ မကြာခဏပြောဆိုလေ့ရှိသလို ၊ လာမယ့်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အမေရိကန်က လာမယ့် စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲက တရားမျှတပြီး လွတ်လပ်မှာမဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာနအကြံပေး မစ္စတာ ဒဲရက် ရှိုလေ က ဇွန်လ ၁၁ ရက်နေ့ကစင်ကာပူနိုင်ငံမှာကျင်းပတဲ့ ရှန်ဂရီလာ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောဆိုထားပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...