ဒီးမော့ဆိုမြို့နယ် ဒေါစဲကျေးရွာမှာ ပစ္စည်းပြန်ယူတဲ့ ဒေသခံ တစ်ဦး မိုင်းနင်းမိပြီး သေဆုံး

ဒီးမော့ဆိုမြို့နယ် ဒေါစဲကျေးရွာမှာ ပစ္စည်းပြန်ယူတဲ့ ဒေသခံ တစ်ဦး မိုင်းနင်းမိပြီး သေဆုံး
၂၀၂၂ခုနှစ် မတ်လအတွင်း လွိုင်ကော်မြို့တောင်ကုန်းတစ်နေရာမှာ စစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်းကို KNDF တို့ ရှင်းလင်ရေးနေစဉ်။
၂၀၂၂ခုနှစ် မတ်လအတွင်း လွိုင်ကော်မြို့တောင်ကုန်းတစ်နေရာမှာ စစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်းကို KNDF တို့ ရှင်းလင်ရေးနေစဉ်။

ဒီးမော့ဆိုမြို့နယ် ဒေါစဲကျေးရွာမှာ  ဇွန်လ ၁၀ရက်နေ့ က ပစ္စည်းပြန်ယူတဲ့ အသက် ၅၀ကျော်အရွယ် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ KNDF B-06 ကပြောပါတယ်။  

“ ညနေလောက်ကျ ကျနော်တို့ ရဲဘော်ဆီက ဖုန်းဆက်လာတယ်ပေါ့နော။ ရွာထဲမှာ ရွာသားတစ်ယောက်မိုင်းနင်းမိပြီးတော့ သူတို့ လွိုင်ကော် ဆေးရုံပို့လိုက်တယ်။ ဒါပေမယ့် ဆေးရုံမှာ သေသွားတယ်။ အဲ့လိုမျိုး သတင်းကြားတယ်ပေါ့နော။ ရွာထဲမှာ သူတို့ပစ္စည်းပြန်ယူရင်းနဲ့ အိမ်နားမှာပဲ နင်းမိတယ်လို့ ပြောတယ်ဗျ။”  လို့ KNDF B-06 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိ ဒေါစဲကျေးရွာမှာ ဒေသခံတချို့ ပြန်လည်နေထိုင်တာတွေရှိသလို တချို့လည်း တောတောင်တွေထဲ စစ်ဘေးရှောင်နေကြပါတယ်။ ဒေါစဲကျေးရွာမှာ စစ်ကောင်စီတချို့ နေထိုင်တာတွေလည်း ရှိနေပါတယ်။

ဇွန်လ ၁၀ရက်နေ့ မနက်ပိုင်းမှာ KNDF B-06 က ပူဖားကျေးရွာ၊ ဒေါကမီးကျေးရွာ၊ ဆီးလီဒုံးကျေးရွာ၊ ဟန်သောခူ ရွာတွေမှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းတွေကို တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

“အဲ့ဒီနီးနာမှာပေါ့နော။ မိုင်းတွေကတော့ ထပ်ရှိနိုင်သေးတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ နယ်မြေရှင်းလင်းရေး မလုပ်ရသေးဘူးလေ။ ကျနော်တို့ မသွားရသေးတဲ့ လမ်းတွေရှိတယ်ပေါ့နော။ အဲ့လိုနေရာတွေ နောက် အိမ်ကျိုအိမ်ကြားတွေ၊ နောက် အိမ်အဝင်အထွက်တွေမှာ ရှိနိုင်သေးတယ်ပေါ့နော။ အဲ့တာတွေက မိုင်းတွေ ထပ်ရှိနိုင်ပါသေးတယ်။ “ လို့ KNDF B-06 တာဝန်ရှိသူ တစ်ဦးက ဆက်ပြောပါတယ်။

ကရင်နီပြည်အတွင်းက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နယ်မြေတွေမှာ စစ်ကောင်စီက မိုင်းထောင်ထားခဲ့တာတွေရှိပါတယ်။ လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားပြီး ရိက္ခာပြန်ယူရင်းဖြစ်စေ၊ နေအိမ်ပြန်ကြည့်ရင်းဖြစ်စေ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရသူနဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးရတဲ့ အရပ်သားပြည်သူ ၂၀ဦးထက်မနည်းရှိတယ်လို့ Karenni Humanitarian Team ( KHT ) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာအနီး ရိက္ခာပြန်ယူတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

၄၅မိနစ်ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးတချို့ရှိနိုင်တယ်လို့ KNDF B-06 က ထုတ်ပြန်ထားပါတယ်။

May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...