တာချီလိတ် ဗုံးပေါက်ကွဲမှုပါ၀င်သူဟု စွပ်စွဲခံရသည့် လူငယ်တစ်ဦး မသေမချင်းကြိုးမိန့်ပေးခံရ

တာချီလိတ် ဗုံးပေါက်ကွဲမှုပါ၀င်သူဟု စွပ်စွဲခံရသည့် လူငယ်တစ်ဦး မသေမချင်းကြိုးမိန့်ပေးခံရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့လယ် ဗုံးပေါက်ကွဲမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသည့် လူငယ်တစ်ဦး မသေမချင်း ကြိုးမိန့်ပေးခံလိုက်ရကြောင်း သတင်းသိရသည်။

ဇွန်လ ၁ ရက်နေ့တွင် တာချီလိတ်ခရိုင် တရားသူကြီးမှ အမိန့်ချ လိုက်ခြင်းဖြစ်ပြီး အမိန့်မချခင်ကာလမှာ စစ်ကြောရေးအတွင်း ပြင်းထန်စွာ ရိုက်နှက်စစ်ဆေးခံထားရကြောင်းလည်း တာချီလိတ်မြို့မှ ဥပဒေ ပညာရှင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တာချီလိတ်မြို့တပ်ထောက်ခံပွဲတုန်းက မြို့တော်ခန်းမနား ဗုံးပေါက်ကွဲမှုမှာ ပါတယ်ဆိုပြီး စစ်ကောင်စီတွေက စွပ်စွဲချက်တွေနဲ့ဖမ်းသွားတဲ့ ဝ လူငယ်ပေါ့၊ အသက်က ၂၀ ကျော်ပဲ ရှိသေးတယ်၊ မနေ့က တာချီလိတ်ခရိုင် တရား သူကြီးက ကြိုးမိန့်ပေးဖို့ အမိန့်ချလိုက်တယ်၊ အယူခံဝင်လည်း မရဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲအတွင်း ဖြစ်ပွားသည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ပါဝင်သူဟု စွပ်စွဲဖမ်းဆီး ရိုက်နှက်ပြီး ၃ လအကြာတွင် ယခုလို အမိန့်ချခြင်း ခံလိုက်ရကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

လက်ရှိ ကြိုးမိန့်ပေးခံရသူသည် စိုင်းဆိုင်မိန်းဟု အမည်ရှိပြီး ၎င်းနှင့်အတူ အသက် (၂၁) နှစ်အရွယ်ရှိ တာချီလိတ်မြို့နေ မောင်ထက်လင်းအောင် ကိုလည်း အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) အရ ထောင်ဒဏ် (၇)နှစ် ချမှတ်ခံလိုက်ရကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ မတရားအမိန့်ချမှတ်ခံရသည့် “ဝ” လူငယ် စိုင်းဆိုင်မိန်း နှင့် မောင်ထက်လင်းအောင် တို့အတွက် တရားမျှတမှု ရရှိလာအောင် သက်ဆိုင်ရာ မိသားစုဝင်များနှင့် ဆွေမျိုးများက လိုလားနေကြောင်းလည်း နီးစပ်သူများက ပြောသည်။

အဆိုပါ တပ်ထောက်ခံပွဲ ဗုံးပေါက်ကွဲမှုတွင် စစ်ကောင်စီတပ်သားတို့ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဆန္ဒပြ ပြည်သူများမှ ‌(၄)ဦး သေဆုံးပြီး (၃၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ကျေးရွာများမှ တိုင်းရင်းသား အများစုကို စစ်ကောင်စီတို့က အသုံးချလိမ်ခေါ်ယူခဲ့ကြောင်းလည်း သိရသည်။

တာချီလိတ်မြို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားစဥ်က

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...