ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင်လေးဦးကို သေဒဏ်အတည်ပြုမှုသည် ရက်စက်ကြမ်းကြုတ်သော ဆုံးဖြတ်ချက်ဟု ပြင်သစ်သံရုံးထုတ်ပြန်

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင်လေးဦးကို သေဒဏ်အတည်ပြုမှုသည် ရက်စက်ကြမ်းကြုတ်သော ဆုံးဖြတ်ချက်ဟု ပြင်သစ်သံရုံးထုတ်ပြန်

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင်လေးဦးကို သေဒဏ်အတည်ပြုမှုသည် ရက်စက်ကြမ်းကြုတ်သော ဆုံးဖြတ်ချက်ဟု ပြင်သစ်သံရုံးကထုတ်ပြန်သည်။

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦး၏ သေဒဏ်ကိုအတည်ပြုကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ပြောကြားခဲ့သည်။

စစ်အုပ်စုက ကိုဂျင်မီဟု လူသိများသောစာရေးဆရာ ကျော်မင်းယု၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဖြိုးဇေယျာသော်တို့ အပါအဝင် လူလေးဦးကို ကွပ်မျက်ရန် ဆုံးဖြတ်ကြောင်း ကြေညာခဲ့ခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချသည်ဟု ပြင်သစ်နိုင်ငံကဆိုသည်။

ယခုဆုံးဖြတ်ချက်မှာ ရက်စက်ကြမ်းကြုတ်သော ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး လွတ်လပ်မှုကို ခုခံကာကွယ်သူများကို နောက်တစ်ကြိမ် ထပ်မံ ပစ်မှတ်ထားရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြင်သစ်နိုင်ငံက ထောက်ပြသည်။

အနှစ်သုံးဆယ်ကျော် ဆိုင်းငံ့ထားသည့် သေဒဏ်ကို ဖောက်ဖျက်ခြင်း သည် ကြီးမားသောဆုတ်ယုတ်မှုတစ်ခုဖြစ်သည်ဟု ပြင်သစ်သံရုံးကဆိုသည်။

နိုင်ထက်စီးနင်း ဖမ်းဆီးထားသူများ အားလုံးကို ပြန်လွှတ်ပေးရန်၊ စစ်တပ်မှကျူးလွန်နေသည့် အကြမ်းဖက်မှုများ အဆုံးသတ်ရန်နှင့် သက်ဆိုင်သူအားလုံး အပါအဝင် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရန် ပြင်သစ်နိုင်ငံက ပြန်လည်တောင်းဆိုသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ တရားမ၀င်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို လေးစားပြီး ဆက်လက်ထောက်ခံမည်ဟု ပြင်သစ်သံရုံး၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်အာဏာသိမ်းကောင်စီက လက်ရှိတွင် အမှု ၁၁၃ မှုကို သေဒဏ်ချမှတ်ထားသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...