နောင်ချိုမြို့မဈေးအနီးဗုံးပေါက်ကွဲ ကျောင်းသူ နှစ်ဦး ထိခိုက်

နောင်ချိုမြို့မဈေးအနီးဗုံးပေါက်ကွဲ ကျောင်းသူ နှစ်ဦး ထိခိုက်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ရှိ မြို့မဈေး အနောက်တောင်ထောင့်အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကျောင်းသူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဇွန် ၁) ရက် ည ၇ နာရီခွဲဝန်းကျင်တွင် နောင်ချို မြို့မဈေး အနောက်တောင်ထောင့် နေအိမ်တစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကျောင်းသူ (၂) ဦး ထိခိုက်ခဲ့ကြောင်း သိရသည်။

“ ဟုတ်ပါတယ်။ ထိခိုက်သွားတာက (၂) ယောက်ပါ။ အမျိုးသမီးတွေဖြစ်တယ်။ သူတို့က သာမာန်ပြည်သူပါပဲ။ ဒါမဲ့ ကျောင်းသူတွေဖြစ်ကြတယ်။ ဒဏ်ရာတော့ အနည်းငယ် ရရှိသွားတယ်။ အခုတော့ ဆေးရုံကို ပို့ထားပေးလိုက်ပါပြီ” ဟု နောင်ချိုမြို့ ပရဟိတ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကို တာဝန်ရှိသူများက စစ်ဆေးနေပြီး လက်ရှိအချိန်ထိ ဗုံးပေါက်ကွဲမှုဖြစ်ကြောင်း ၊ အသံမိုင်း ပေါက်ကွဲမှုဖြစ်ကြောင်း အသေးစိတ်သေချာမသိရှိရသေးပေ။

“နောင်ချိုမှာတော့ အခုက ပုံမှန်သွားလာနေပါသေးတယ်။ မနေ့က ပေါက်ကွဲတဲ့နေရာလည်း စစ်ဆေးနေတယ်။ အခုချိန်ထိတော့ ဗုံးပေါက်ကွဲတာလား။ အသံမိုင်းပေါက်ကွဲတာလား သေချာမသိဘူး။ သူတို့လည်း အနည်းငယ် ပဲ ဒဏ်ရာရသွားတယ်” ဟု အထက်ပါ ပရဟိတ အဖွဲ့ဝင်က ပြောသည်။

အလားတူ ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့တွင်လည်း နောင်ချိုမြို့ ပညာရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး (၉) ဦး ဒဏ်ရာရရှိခဲ့သည်။ ထို (၉) ဦးထဲတွင် တစ်ဦး သေဆုံးသွားကြောင်းသိရသည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...