မည်သည့်အစိုးရ အုပ်ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်းသားအရေးသာဖြစ်သည်ဟု UWSA ဆို

မည်သည့်အစိုးရ အုပ်ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်းသားအရေးသာဖြစ်သည်ဟု UWSA ဆို

အစိုးရဘက်မှ မည်သူအုပ်ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်းသားများ၏ အရေးသာဖြစ်သဖြင့် မည်သည့်ဘက်မှ ပါဝင်ပတ်သက်မည်မဟုတ်ကြောင်း ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမှုအပြီး  မေလ ၃၁ရက်တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။

အချက် (၈) ချက်ပါရှိသော အဆိုပါထုတ်ပြန်ချက်တွင် လက်ရှိပြည်တွင်းရေး အခြေအနေများအတွက် တွေ့ဆုံဆွေးနွေးမှုများ မှတဆင့် အမြန်ဆုံးဖြေရှင်းရန်လည်း တိုက်တွန်းပန်ကြား၌ ပါရှိသည်။

ထို့အပြင် UWSA အနေဖြင့် နိုင်ငံမှခွဲထွက်ခြင်းပြုလုပ်မည်မဟုတ်ဘဲ ကာကွယ်ရေးနှင့်သံတမန်ရေး ကိစ္စမှလွဲ၍ ဝဒေသကို ကိုယ်တိုင်အုပ်ချုပ်သွားရန်၊ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာအုပ်ကို ဆက်လက်လိုက်နာသွားရန်နှင့် ဝပြည်သူ ၆၀၀,၀၀၀ ၏ ဆန္ဒအရ ဝအမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တည်ထောင်ရန် စသည့်အချက်များကိုလည်း စစ်ကောင်စီ ခေါင်းဆောင်နှင့် တွေ့ဆုံမှုတွင် တောင်းဆိုထုတ်ပြန်ထားသည်ကို တွေ့ရသည်။

စစ်ကောင်စီခေါင်းဆောင်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ရာ မေလ ၃၀ ရက်က UWSAမှ ဒုဥက္ကဌ ဦးလော့ရာကု အပါအဝင် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်တွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...