စစ်ကောင်စီ တပ်သား တစ်ဦး ဒီးမော့ဆို PDF ထံ CDM ပြုလုပ်

စစ်ကောင်စီ တပ်သား တစ်ဦး ဒီးမော့ဆို PDF ထံ CDM ပြုလုပ်

လွိုင်ကော်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီ ခလရ ( ၆၆ ) တပ်သား စောဝေဖြိုးအောင် ဒီးမော့ဆို PDF ထံ မေလ ၂၈ရက်နေ့မှာ CDM ပြုလုပ်လာခဲ့တယ်လို့ ဒီးမော့ဆို PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လုပ်သက် ၁၂ရှိပြီဖြစ်တဲ့ တပ်သား စောဝေဖြိုးအောင်ဟာ ကရင်ပြည်နယ် ဘာအံ ဇာတိကဖြစ်တယ်လို့ ဆိုပါတယ်။   ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ကတည်းက လွိုင်ကော်မြို့ ချိကယ်ရပ်ကွက်မှာ နယ်မြေလုံခြုံရေးအရ ရွေ့ပြောင်းလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၃၀ရှိပြီဖြစ်တဲ့ စောဝေဖြိုးအောင်ဟာ စစ်အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး သိရှိထားပေမယ့် အသေးစိတ်သိရှိတာတွေ မရှိဘူးလို့ ဒီးမော့ဆို PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ သူတို့ အောက်ခြေပိုင်းက ဘာမှ မသိရဘူးပြောတယ်။ အဲ့ဒီ အာဏာသိမ်းတာကိုတော့ သူတို့ သိတယ်။ အောက်ခြေပိုင်းမှာတော့ သူတို့ ထွေထွေထူးထူး ကိစ္စတွေကတော့ သိပ်မသိဘူး။ သူတို့က ဒီအဖွဲ့တွေ့ရင်တော့ ပစ်သတ်ရမယ်။ ဒီအဖွဲ့တွေ့ရင်တော့ ပစ်သတ်ရမယ်ဆိုပြီးတော့ ကျနော်တို့ KNDF တံဆိပ်နဲ့ PDF တံဆိပ်တွေကို ပြထားတယ်။ အဲ့တံဆိပ်နှစ်ခုတွေ့ရင်တော့ ပစ်ရမယ်။ ပစ်မိန့်တော့ ပေးထားတယ်။ လို့ သူတို့ပြောတယ်။ PDF တံဆိပ်နဲ့  KNDF တံဆိပ်တို့ကတော့ ကယားပြည်နယ်ရောက်ရင် ဒီတံဆိပ်နှစ်ခုတွေ့ရင် ပစ်သတ်ရမယ်။ သူတို့ အဲ့လိုမျိုး အမိန့်ညွှန်ကြားထားတယ်လို့ သူတို့ ပြောတယ်။ “ လို့ ဒီးမော့ဆို PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စောဝေဖြိုးအောင်ရဲ့ ဆန္ဒအရ ပြည်သူ့ရင်ခွင်ကို လွဲအပ်သင့်မသင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်းဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေအနေနဲ့ CDM ပြုလုပ်ကြဖို့ အပြင် လက်နက်နဲ့ CDM ပြုလုပ်လာသူတွေကိုလည်း ဒီးမော့ဆို PDF ကနေ ချီးမြှင့်ငွေ သိန်း၅၀ ပေးအပ်သွားမယ်လို့ ဒီးမော့ဆို PDF တာဝန်ရှိသူက ဖိတ်ခေါ်ထားပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း CDM ပြုလုပ်လာတဲ့ ရဲနဲ့ စစ်သားအများအပြားရှိနေပြီး ဒီးမော့ဆို PDF တစ်ဆင့် CDM ပြုလုပ်လာသူ ၄ဦးရှိနေကာ ပြည်သူ့ရင်ခွင်ထံ ၃ဦးကို ပြည်သူ့ရင်ခွင်ထံ လွဲအပ်ပေးလိုက်ပြီးဖြစ်တယ်လို့ သိရပါတယ်။

May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...