NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးနှင့် UK ၏ အာရှနှင့်အရှေ့အလယ်ပိုင်းဆိုင်ရာနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးနှင့် UK ၏ အာရှနှင့်အရှေ့အလယ်ပိုင်းဆိုင်ရာနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

NUG ၏ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးနှင့် UK ၏ အာရှနှင့်အရှေ့အလယ်ပိုင်းဆိုင်ရာနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံခဲ့သည်။

၎င်းတို့နှစ်ဦးသည် မေ ၂၅ ရက် ဗြိတိန် စံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်တွင် လန်ဒန်မြို့တော်ရှိ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာနရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ပါလီမန်အမတ်လည်းဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး the Rt Hon Amanda Milling နှင့် တွေ့ဆုံဆွေးနွေးရာတွင်လက်ရှိ မြန်မာနိုင်ငံ၏ တော်လှန်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ ငြိမ်းချမ်းမှုနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိရေးအတွက် နှစ်နိုင်ငံ အတူတကွ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ဒေါက်တာဇော်ဝေစိုးက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံအပေါ် UK က ကူညီဆောင်ရွက်နေသည့် ကိစ္စများနှင့်ပတ်သက်ပြီး ကျေးဇူးတင်ရှိကြောင်း ဒေါက်တာဇော်ဝေစိုးက နိုင်ငံခြားရေးဝန်ကြီးကို ပြောကြားခဲ့သည်။

UK နိုင်ငံမှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဖမ်းဆီးခံထားရသည့်နိုင်ငံရေးအကျဥ်းသားများအားလုံးလွှတ်ပေးရန်နှင့် စစ်တပ်သို့ လက်နက်ပစ္စည်းများနှင့် နည်းပညာများ လွှဲပြောင်းပေးခြင်းကိုရပ်တန့်ရန် တောင်းဆိုလျက်ရှိသည့် နိုင်ငံတစ်ခုဖြစ်သည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...