တော်လှန်ရေးကို ထောက်ပံ့နိုင်ရန် သံတမန်ရေး ထိုးဖောက်နေခြင်း ဖြစ်ဟု NUG ဝန်ကြီးပြော

တော်လှန်ရေးကို ထောက်ပံ့နိုင်ရန် သံတမန်ရေး ထိုးဖောက်နေခြင်း ဖြစ်ဟု NUG ဝန်ကြီးပြော

နွေဦးတော်လှန်ရေး တိုက်ပွဲများကို အားပေးထောက်ပံ့နိုင်ရန် နိုင်ငံတကာ သံတမန်ရေး ထိုးဖောက်နေခြင်း ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်မျိုးမင်းက ပြောသည်။

"နိုင်ငံတကာ သံတမန် စာမျက်နှာတွေကို ထိုးဖောက်တဲ့ ရည်ရွယ်ချက်ကတော့ ရက်စက် ယုတ်မာလှတဲ့ စစ်အာဏာရှင် စနစ်ကို အမြန်ဆုံး ဖယ်ရှားပြီး အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်နိုင်ရေးနဲ့ နွေဦးတော်လှန်ရေး ကာလမှာ နည်းမျိုးစုံနဲ့ ပါဝင်နေကြတဲ့ သူရဲကောင်းတွေရဲ့ လှုပ်ရှားမှု တိုက်ပွဲတွေကို အားပေး ထောက်ပံ့နိုင်ဖို့ ဖြစ်ပါတယ်" ဟု ဝန်ကြီးက ပြောသည်။

သံတမန်ရေးသည် အားဖြည့်ဆေး တစ်မျိုးသာ ဖြစ်ပြီး ပြည်သူများ၏ အင်အားသာ အဓိက ဖြစ်ကြောင်းနှင့် သံတမန်ရေး တွေ့ဆုံ ဆွေးနွေးနေခြင်းမှာ တော်လှန်ရေး လျင်မြန်သွက်လက် လာစေရန်နှင့် အရေးစိုက် ပံ့ပိုးလာစေရန် ဖြစ်သည်ဟု ဝန်ကြီးက ထောက်ပြသည်။

"ကိုယ်တိုင်က ကိုယ်ခံအင်အား မကောင်းတဲ့ အချိန်မှာတော့ ဘယ်အားဖြည့်ဆေးမှ အစွမ်းထက်နိုင်မှာ မဟုတ်ပါဘူး။ ဒါဆိုရင် ကိုယ်ခံအားက ဘာဖြစ်မလဲလို့ မေးလာရင်တော့ ဒီတော်လှန်ရေးရဲ့ ကိုယ်ခံအား ကတော့ ပြည်သူတွေ လက်ရှိ လှုပ်ရှား ဆင်နွှဲနေတဲ့ ပြည်သူတွေရဲ့ တော်လှန်ရေးတွေပဲ ဖြစ်ပါတယ်။ ပြည်သူ့လှုပ်ရှားမှုတွေ မရှိတော့ဘူးဆိုရင် ဘယ်နိုင်ငံတကာမှ ထောက်ပို့ ကူညီနိုင်မှာ မဟုတ်ပါဘူး။ ဘာမှ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး" ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

စစ်ကောင်စီသည် နိုင်ငံတကာ စာမျက်နှာတွင် ရှုံးနိမ့်နေပြီး ခရီးမပေါက် ဖြစ်နေကြောင်း နိုင်ငံရေး လေ့လာ သူများက သုံးသပ် ထားသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...