ကျောင်းစတင်အပ်နှံနေပေမယ့်ဗန်းမောက်မြို့နယ်ကကျေးရွာတွေမှာအပ်လို့မရသေး

ကျောင်းစတင်အပ်နှံနေပေမယ့်ဗန်းမောက်မြို့နယ်ကကျေးရွာတွေမှာအပ်လို့မရသေး

မေလ ၂၆ ရက်နေ့ကစတင်ပြီး အခြေခံပညာကျောင်းများ စတင်အပ်နှံလို့ရတယ်လို့ဆိုပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်က ကျေးရွာကျောင်းတွေမှာ မအပ်နှံနိုင်ကြသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

ဗန်းမောက်မြို့နယ် အနောက်ဘက် မံလူအုပ်စု ကြောင်လည်ကျေးရွာက အထကကျောင်းလည်း မအပ်နှံနိုင်သေးဘူးလို့သိရပါတယ်။

“ ကျောင်းဖွင့်မလားမဖွင့်လားဆိုတာတော့ ဘာမှမတွေ့ရသေးဘူး ကျောင်းကိုလည်း အပ်လို့ရမလား မရဘူးလားလည်းသေချာတော့မသိသေးဘူးဆရာမတွေလည်း လာတဲ့သူလာပြီ မလာတဲ့သူတွေလည်းမလာသေးဘူး။ ဒီနေ့တော့မအပ်ရသေးဘူး ။ ဘယ်နေ့အပ်ရမလဲဆိုတာကိုတော့ မသိဘူး။”  လို့ ဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။

ဒီလိုကျောင်းမအပ်နှံနိုင်သေးတဲ့အကြောင်းအရင်းတချို့က ကျောင်းဆရာ/မတွေ လာရောက်တာဝန်မထမ်းဆောင်နိုင်သေးတာ ၊ မရောက်ရှိလာသေးတဲ့ကိစ္စတွေကြောင့်လို့သိရပါတယ်။

ဗန်းမောက်မြို့နယ် မြောက်ပိုင်းက ကျေးရွာတွေမှာလည်း ကျောင်းမအပ်နှံနိုင်သေးဘူးလို့လည်း စုံစမ်းသိရှိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မေလ ၂၆ ရက်နေ့ကို စတင်အပ်နှံကြတယ်ဆိုပေမယ့် ကျောင်းအများစုက ဖွင့်လှစ်နိုင်ခြင်းမရှိသေးတဲ့အကြောင်းလည်း စုံစမ်းသိရှိရပါတယ်။

ကျောင်းသားမိဘတွေကြားမှာလည်း NUG ပညာရေးဝန်ကြီးဌာနက ပြောဆိုချက်တွေနဲ့ စစ်ကောင်စီရဲ့ ပညာရေးဌာန လုပ်ဆောင်နေမှုတွေကြားမှာ အခက်တွေ့နေတာလည်းဖြစ်ပါတယ်။

ကျောင်းသူ/သားအားလုံးက Covid19 ကပ်ရောဂါကြောင့် စာသင်နှစ် တစ်နှစ်ရပ်နားထားရသလို စစ်အာဏာသိမ်းမှုကြောင့်လည်း တစ်နှစ် ထပ်မံရပ်နားထားရတာလည်းဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...