ကျောင်းစတင်အပ်နှံနေပေမယ့်ဗန်းမောက်မြို့နယ်ကကျေးရွာတွေမှာအပ်လို့မရသေး

ကျောင်းစတင်အပ်နှံနေပေမယ့်ဗန်းမောက်မြို့နယ်ကကျေးရွာတွေမှာအပ်လို့မရသေး

မေလ ၂၆ ရက်နေ့ကစတင်ပြီး အခြေခံပညာကျောင်းများ စတင်အပ်နှံလို့ရတယ်လို့ဆိုပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်က ကျေးရွာကျောင်းတွေမှာ မအပ်နှံနိုင်ကြသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

ဗန်းမောက်မြို့နယ် အနောက်ဘက် မံလူအုပ်စု ကြောင်လည်ကျေးရွာက အထကကျောင်းလည်း မအပ်နှံနိုင်သေးဘူးလို့သိရပါတယ်။

“ ကျောင်းဖွင့်မလားမဖွင့်လားဆိုတာတော့ ဘာမှမတွေ့ရသေးဘူး ကျောင်းကိုလည်း အပ်လို့ရမလား မရဘူးလားလည်းသေချာတော့မသိသေးဘူးဆရာမတွေလည်း လာတဲ့သူလာပြီ မလာတဲ့သူတွေလည်းမလာသေးဘူး။ ဒီနေ့တော့မအပ်ရသေးဘူး ။ ဘယ်နေ့အပ်ရမလဲဆိုတာကိုတော့ မသိဘူး။”  လို့ ဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။

ဒီလိုကျောင်းမအပ်နှံနိုင်သေးတဲ့အကြောင်းအရင်းတချို့က ကျောင်းဆရာ/မတွေ လာရောက်တာဝန်မထမ်းဆောင်နိုင်သေးတာ ၊ မရောက်ရှိလာသေးတဲ့ကိစ္စတွေကြောင့်လို့သိရပါတယ်။

ဗန်းမောက်မြို့နယ် မြောက်ပိုင်းက ကျေးရွာတွေမှာလည်း ကျောင်းမအပ်နှံနိုင်သေးဘူးလို့လည်း စုံစမ်းသိရှိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မေလ ၂၆ ရက်နေ့ကို စတင်အပ်နှံကြတယ်ဆိုပေမယ့် ကျောင်းအများစုက ဖွင့်လှစ်နိုင်ခြင်းမရှိသေးတဲ့အကြောင်းလည်း စုံစမ်းသိရှိရပါတယ်။

ကျောင်းသားမိဘတွေကြားမှာလည်း NUG ပညာရေးဝန်ကြီးဌာနက ပြောဆိုချက်တွေနဲ့ စစ်ကောင်စီရဲ့ ပညာရေးဌာန လုပ်ဆောင်နေမှုတွေကြားမှာ အခက်တွေ့နေတာလည်းဖြစ်ပါတယ်။

ကျောင်းသူ/သားအားလုံးက Covid19 ကပ်ရောဂါကြောင့် စာသင်နှစ် တစ်နှစ်ရပ်နားထားရသလို စစ်အာဏာသိမ်းမှုကြောင့်လည်း တစ်နှစ် ထပ်မံရပ်နားထားရတာလည်းဖြစ်ပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...