မင်းတပ်မြို့တွင် ချင်းပြည်နယ်လက်ရွေးစင် လက်ဝှေ့သမားဟောင်း ပစ်ခတ်ခံရ၍ သေဆုံ

မင်းတပ်မြို့တွင် ချင်းပြည်နယ်လက်ရွေးစင် လက်ဝှေ့သမားဟောင်း ပစ်ခတ်ခံရ၍ သေဆုံ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ ပြေရွာတွင် မေလ ၂၅ရက်နေ့က ချင်းပြည်နယ် လက်ရွေးစင် လက်ဝှေ့သမားဟောင်းသည် နေအိမ်သို့ ပြန်လာရာတွင် စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူသည် ကိုဟာရှိန်းအွမ် (ခ) ဆရာဟိန်းထိုက်ဇော် ဖြစ်ပြီး ၎င်းနေထိုင်ရာ ပြေရွာသို့ ပြန်လာစဉ် စစ်ကောင်စီတပ်များ၏ ပိတ်ဆို့ဖမ်းဆီးခြင်းခံရစဉ် နေအိမ်မှခုန်ချ ထွက်ပြေးရာမှ ပစ်ခတ်ခံရခြင်း ဖြစ်သည်။

''သူက ရွာထဲခဏ ပြန်ရင်း စစ်သားတွေလာလို့ အိမ်အပေါ်ထပ်ကနေ ချောက်ထဲခုန်ချသွားတာ။ဖမ်းမိရင်လည်း အပြစ်ရှိရှိ မရှိရှိ နှိပ်စက်ခံရမှာဆိုတော့ ခုန်ချတဲ့အချိန်မှာ ခြေတောက်ထိသွားတယ်ထင်တယ် မပြေးနိုင်ဘူး။ အဲဒီချိန်မှာအပစ်ခံလိုက်ရပြီး သေသွားတာ''ဟု ပြေရွာသားတစ်ဦးကပြောသည်။

အဆိုပါပြေရွာသည် မင်းတပ်မြို့နှင့်အနီးဆုံးဆက်နေသည့်ရွာဖြစ်ပြီး မင်းတပ်မှစစ်ကောင်စီတပ်များ ရွာထဲဆင်းသွားသည့် အချိန်တွင် ဖုန်းလိုင်းများဖြတ်တောက်ထားသဖြင့် သတင်းပေးနိုင်ခြင်း၊ ဆက်သွယ်နိုင်ခြင်း မရှိကြောင်းလည်း သိရသည်။

သေဆုံးသူ ကိုဟာရှိန်းအွမ် (ခ) ဆရာဟိန်းထိုက်ဇော် သည် ၂၀၀၀ခုနှစ်တွင် လက်ဝှေ့လောကထဲ စတင်ဝင်ရောက်ခဲ့ပြီး၊၂၀၀၀ခုနှစ်မှ၂၀၀၄ခုနှစ်အထိ မန္တလေးအားကာသိပ္ပံတွင် တက်ရောက်ပြီး လက်ဝှေ့ပညာကို လေ့ကျင့်သင်ကြားခဲ့သည်။

၂၀၀၀ ခုနှစ်မှ ၂၀၀၆ ခုနှစ်ထိလည်း ချင်းပြည်နယ်ကိုယ်စားပြုပြီး တိုင်းနှင့်ပြည်နယ်လက်ဝှေ့ပွဲများ သွားရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။

ဆရာကြီးမင်းသိင်္ခ ဦးစီးဖွင့်လှစ်သင်ကြားသည့် မြန်မာပြည်သား လက်ဝှေ့ကလပ်တွင်လည်း လက်ဝှေ့ပညာများ ဆည်းပူးခဲ့သူဖြစ်သည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...