ရေဖြူ နှင့် ထားဝယ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ လူ ၂ ဦး သေဆုံး

ရေဖြူ နှင့် ထားဝယ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ လူ ၂ ဦး သေဆုံး

ထားဝယ်ခရိုင်ရှိ ရေဖြူ နှင့် ထားဝယ် မြို့နယ်တို့တွင် မေလ ၂၄ ရက် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း မြို့ခံများထံက သိရသည်။

ရေဖြူမြို့နယ် ၊ ဧကနိကျေးရွာနေ ဦးမောင်ဦးသည် မေလ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က ၎င်း၏နေအိမ်ရှေ့တွင် ရှိနေခိုက် အမျိုးသားနှစ်ဦးဆိုင်ကယ်ဖြင့် လာရောက်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးထံက သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့သူ ဦးမောင်ဦးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထောက်ခံသည့် ကျောင်းဆရာဟောင်း တစ်ဦးဖြစ်သည်ဟု ဒေသခံများ၏ ပြောကြားချက် အရသိရသည်။

ထို့ပြင် ထားဝယ်မြို့၊ ကမ်းနားဈေးတွင်လည်း မေလ ၂၄ ရက်နေ့ နံနက် ၉ နာရီက ဈေးသည် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း အဆိုပါဈေးရှိ ဈေးသည်များထံက သိရသည်။

ပစ်သတ်ခံရသူမှာ အသက် ၆၀ ကျော်အရွယ် ဒေါ်ညွန့်လှိုင် ဖြစ်ပြီး ကြက်စာပြင် ရပ်ကွက်တွင် နေထိုင်သူ တစ်ဦး ဖြစ်ကြောင်း မြို့ခံများက ပြောကြားသည်။

“သေနတ်နဲ့ သုံးချက် ပစ်ခံရတာပါ။ ဦးခေါင်းမှာ နှစ်ချက် ၊ ရင်ဘက်မှာ တစ်ချက်နဲ့ အပစ်ခံရတဲ့ နေရာမှာပဲ လဲကျသေဆုံး သွားတယ်။ အဲ့ဒီလို ပစ်ခတ်ခံရပြီးတော့ ဈေးထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ် ”ဟု ကမ်းနားဈေးရှိ ဈေးသည် တစ်ဦးက ပြောသည်။

အဆိုပါ နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးမှုဖြစ်စဉ်အား ယခုချိန်အထိ မည်သည့် အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ကို ထုတ်ပြန်ထားခြင်း မရှိပေ။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...