ဒေါတမကြီး ကျေးရွာထဲ လက်နက်ကြီး ကျရောက်ခဲ့ပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီး၊ ရွာသားတစ်ဦး လက်နက်ကြီးစ ထိမှန်

ဒေါတမကြီး ကျေးရွာထဲ လက်နက်ကြီး ကျရောက်ခဲ့ပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီး၊ ရွာသားတစ်ဦး လက်နက်ကြီးစ ထိမှန်

မနေ့က ည၁၀ နာရီခွဲအချိန်မှာ စစ်ကောင်စီဖက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ပစ်ခတ်မှုလုပ်ဆောင်ခဲ့ပြီး ဒီးမော့ဆိုမြို့နယ် ဒေါတကြီးကျေးရွာထဲ ကျရောက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ တစ်ဦးဆီကနေ ကနဦး သိရှိရပါတယ်။

“ည ၁၀ နာရီ မိနစ် ၂၀ ဝန်းကျင်မှာပါ။ လက်နက်ကြီး တစ်လုံးထုလာတယ်။ အဲ့မှာ ဒေါတမကြီးမှာရှိတဲ့ နေအိမ်တစ်လုံးကို ထိမှန်ပြီးတော့မှ ထိမှန်တဲ့ နေအိမ်က မီးလောင် ပျက်စီးသွားတယ်။ ပြီးတော့မှ ဒေါတမကြီး ရွာသားတစ်ဦးကိုလည်း လက်နက်ကြီးစ ထိမှန်သွားတာပေါ့“ လို့ KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ တစ်ဦးက ပြောပြပါတယ်။

ဘောလခဲ အမြောက်တပ်ကနေ တိုက်ပွဲဖြစ်ပွားတာတွေ မရှိတဲ့ ကျေးရွာကို လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဒေါတမကြီးကျေးရွာဟာဒီးမော့ဆိုမြို့တွင်းမှာပါရှိပြီး ဘောလခဲနဲ့ နီးတဲ့ ကျေးရွာဖြစ်ပါတယ်။

May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...