သေဘောထိုစခန်းသိမ်း စစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

သေဘောထိုစခန်းသိမ်း စစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို Kyaw Thiha ဆိုတဲ့အကောင့်ကနေ မေလ  ၂၀ ရက်  နေ့က ရေးသားဖော်ပြခဲ့တာဖြစ်ပြီး “ ကရင်ပြည်နယ်၊ သေဘောထို စခန်းသိမ်း စစ်ပွဲတွင် မြန်မာတပ်မတော်မှ အရှင်လက်ရ ဖမ်ဆီးရရှိ နီပိတ် ၆ ဦးအားတွေ့စဉ်’’ ဆိုပြီး အောက်ပါဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် “အမျိုးဘာသာ သာသနာ နှင့် ကြံ့ခိုင်ရေးပါတီအတွက် စိတ်အေးရပါပြီဟု တပ်မတော်ပြောရေး ဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြားခဲ့ပါသည်’’ လို့လည်း အဲဒီအကောင့်မှာဆက်လက်ဖော်ပြခဲ့ပါတယ်။

တကယ့်ဖြစ်စဉ်မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၆) လက်အောက်ခံတပ်ရင်း(၂၇)၊ တပ်ခွဲ(၂) မှ ဒုခွဲမှူးဗိုလ်ဒ့ါဘော(လက်ရှိCobra စစ်ကြောင်း၏ စစ်ကြောင်းမှူး)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ရဲ့ ကရင်ပြည်နယ် သေ့ဘော့ဘိုးအခြေစိုက်စခန်းကို မေလ ၁၈ ရက်နေ့ညနေ ၄ နာရီမှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းရုံ(KNU) ရဲ့ထုတ်ပြန်ချက်ကို အောက်ပါလင့်မှာတွေ့ရှိနိုင်သည်။

https://m.facebook.com/story.php?story_fbid=342961834605698&id=100066756...

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုရင်းမှူးတစ်ဦး၊ တပ်ခွဲမှူးတစ်ဦးအပါအဝင် စုစုပေါင်းအလောင်းငါးလောင်းတွေ့ရှိခဲ့သလို စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးနှစ်ဦး၊ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦး၊တပ်သားနှစ်ဦး စုစုပေါင်း ၆ ဦးကို အရှင်ဖမ်းဆီးရမိပြီး နောက်တနေ့မှာလည်း စစ်ကောင်စီတပ်သားတစ်ဦးထပ်မံဖမ်းဆီးခဲ့တာလို့ KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါကြောင့် Kyaw Thiha ဆိုတဲ့အကောင့်ကနေ ဖေဖော်ပြထားတဲ့ အဲဒီသတင်းဟာ သတင်းအမှားသာဖြစ်ပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုများကြားမှာ သတင်းတုသတင်းအမှားများဟာနေ့စဉ်လိုလို ထွက်ပေါ်လျက်ရှိပါတယ်။ စာဖတ်သူများအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနများမှ သတင်းတွေကိုသာဖတ်ရှုဖို့တိုက်တွန်း လိုက်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...