သေဘောထိုစခန်းသိမ်း စစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

သေဘောထိုစခန်းသိမ်း စစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို Kyaw Thiha ဆိုတဲ့အကောင့်ကနေ မေလ  ၂၀ ရက်  နေ့က ရေးသားဖော်ပြခဲ့တာဖြစ်ပြီး “ ကရင်ပြည်နယ်၊ သေဘောထို စခန်းသိမ်း စစ်ပွဲတွင် မြန်မာတပ်မတော်မှ အရှင်လက်ရ ဖမ်ဆီးရရှိ နီပိတ် ၆ ဦးအားတွေ့စဉ်’’ ဆိုပြီး အောက်ပါဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် “အမျိုးဘာသာ သာသနာ နှင့် ကြံ့ခိုင်ရေးပါတီအတွက် စိတ်အေးရပါပြီဟု တပ်မတော်ပြောရေး ဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြားခဲ့ပါသည်’’ လို့လည်း အဲဒီအကောင့်မှာဆက်လက်ဖော်ပြခဲ့ပါတယ်။

တကယ့်ဖြစ်စဉ်မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၆) လက်အောက်ခံတပ်ရင်း(၂၇)၊ တပ်ခွဲ(၂) မှ ဒုခွဲမှူးဗိုလ်ဒ့ါဘော(လက်ရှိCobra စစ်ကြောင်း၏ စစ်ကြောင်းမှူး)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ရဲ့ ကရင်ပြည်နယ် သေ့ဘော့ဘိုးအခြေစိုက်စခန်းကို မေလ ၁၈ ရက်နေ့ညနေ ၄ နာရီမှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းရုံ(KNU) ရဲ့ထုတ်ပြန်ချက်ကို အောက်ပါလင့်မှာတွေ့ရှိနိုင်သည်။

https://m.facebook.com/story.php?story_fbid=342961834605698&id=100066756...

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုရင်းမှူးတစ်ဦး၊ တပ်ခွဲမှူးတစ်ဦးအပါအဝင် စုစုပေါင်းအလောင်းငါးလောင်းတွေ့ရှိခဲ့သလို စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးနှစ်ဦး၊ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦး၊တပ်သားနှစ်ဦး စုစုပေါင်း ၆ ဦးကို အရှင်ဖမ်းဆီးရမိပြီး နောက်တနေ့မှာလည်း စစ်ကောင်စီတပ်သားတစ်ဦးထပ်မံဖမ်းဆီးခဲ့တာလို့ KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါကြောင့် Kyaw Thiha ဆိုတဲ့အကောင့်ကနေ ဖေဖော်ပြထားတဲ့ အဲဒီသတင်းဟာ သတင်းအမှားသာဖြစ်ပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုများကြားမှာ သတင်းတုသတင်းအမှားများဟာနေ့စဉ်လိုလို ထွက်ပေါ်လျက်ရှိပါတယ်။ စာဖတ်သူများအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနများမှ သတင်းတွေကိုသာဖတ်ရှုဖို့တိုက်တွန်း လိုက်ပါတယ်။

Most read this week

December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
November 27, 2025
၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲမှာမဲအများဆုံးအနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD နှင့်...
November 12, 2025
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ စစ်ကိုင်းသို့ ပေးပို့သော လက်နက်များစွာ...