ဖမ်းဆီးခံထားရသည့် ဓနုဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး ဆက်သွယ်မရေသး

ဖမ်းဆီးခံထားရသည့် ဓနုဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး ဆက်သွယ်မရေသး

သျှမ်းပြည်တောင်ပိုင်း ဓနုဒေသမှ အနိုင်ရရှိထားသည့် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးသည် ဖမ်းဆီးခံထားရပြီးနောက် ယနေ့ မေလ ၂၃ ထိ အဆက်သွယ်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ဒေါ်မမလေးကို မေလ ၁၄ ရက်နေ့ ညနေပိုင်အချိန်တွင် စစ်ကောင်စီက အင်အား ၄၀ ခန့်ဖြင့် လာရောက်ဖမ်းဆီးသွားပြီးနောက် ကလောကိုခေါ်ဆောင်သွားပြီး လက်ရှိတွင် ပင်းတယသို့ ရဲစခန်းသို့ ပြန်ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

ဒေါ်မမလေးသည် သျှမ်းပြည် မဲဆန္ဒနယ် အမတ် (၉) ဓနုဒေသရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် မှ အနိုင်ရရှိသည့် NLD အမတ် တစ်ဦးဖြစ်သည်။

“ အရင်ဖမ်းသွားတုန်းက ကလောကိုခေါ်သွားတာ။ အခုတော့ ပင်းတယကို ပြန်ခေါ်လာခဲ့ပြီး။ အချုပ်ခန်းထဲမှာပဲ ထားထားတာ။ ဘာအဆက်သွယ်တော့ မရသေးဘူး” ဟု ဒေါ်မမလေးနှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ အမျိုးသားတစ်ဦးက ပြောသည်။

ဒေါ်မမလေး နှင့် ၎င်း၏ သားဖြစ်သူ ကိုနေမျိုးထက်ကို စစ်ကောင်စီက အတူတကွ ဖမ်းဆီးသွားခဲ့သည်။

လက်ရှိတွင် ၎င်းတို့ ၂ ဦးကို ဖမ်းဆီးထားပြီး မည်သည့် အမှုဖြင့် ဖမ်းဆီးထားကြောင်း ကို မသိရှိရသေးပေ။

“ ဟုတ်တယ်ဗျ။ သူတို့ကို ဒီတိုင်းပဲဖမ်းထားတာ။ လွတ်လည်းမလွတ်လာသေးဘူး။ အခုချိန်ထိတော့ သူတို့ ၂ ယောက်ကို ဘာအမှုနဲ့ ဖမ်းထားလဲဆိုတာ မသိရသေးဘူး။ ဘာကြောင့်ဖမ်းလည်း မသိရသေးဘူး” ဟု အထက်ပါ ဒေသခံတစ်ဦးက ပြောသည်။

ဒေါ်မမလေးသည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဓနုဒေသ ရွာငံမြို့နယ် နှင့် ပင်းတယမြို့နယ်တို့ (၂)ကြိမ် ဆက်တိုက် အနိုင်ရရှိခဲ့သည့် အမျိုးသားလွှတ်တော် အမတ်တစ်ဦးဖြစ်သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...