ဖမ်းဆီးခံထားရသည့် ဓနုဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး ဆက်သွယ်မရေသး

ဖမ်းဆီးခံထားရသည့် ဓနုဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး ဆက်သွယ်မရေသး

သျှမ်းပြည်တောင်ပိုင်း ဓနုဒေသမှ အနိုင်ရရှိထားသည့် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးသည် ဖမ်းဆီးခံထားရပြီးနောက် ယနေ့ မေလ ၂၃ ထိ အဆက်သွယ်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ဒေါ်မမလေးကို မေလ ၁၄ ရက်နေ့ ညနေပိုင်အချိန်တွင် စစ်ကောင်စီက အင်အား ၄၀ ခန့်ဖြင့် လာရောက်ဖမ်းဆီးသွားပြီးနောက် ကလောကိုခေါ်ဆောင်သွားပြီး လက်ရှိတွင် ပင်းတယသို့ ရဲစခန်းသို့ ပြန်ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

ဒေါ်မမလေးသည် သျှမ်းပြည် မဲဆန္ဒနယ် အမတ် (၉) ဓနုဒေသရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် မှ အနိုင်ရရှိသည့် NLD အမတ် တစ်ဦးဖြစ်သည်။

“ အရင်ဖမ်းသွားတုန်းက ကလောကိုခေါ်သွားတာ။ အခုတော့ ပင်းတယကို ပြန်ခေါ်လာခဲ့ပြီး။ အချုပ်ခန်းထဲမှာပဲ ထားထားတာ။ ဘာအဆက်သွယ်တော့ မရသေးဘူး” ဟု ဒေါ်မမလေးနှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ အမျိုးသားတစ်ဦးက ပြောသည်။

ဒေါ်မမလေး နှင့် ၎င်း၏ သားဖြစ်သူ ကိုနေမျိုးထက်ကို စစ်ကောင်စီက အတူတကွ ဖမ်းဆီးသွားခဲ့သည်။

လက်ရှိတွင် ၎င်းတို့ ၂ ဦးကို ဖမ်းဆီးထားပြီး မည်သည့် အမှုဖြင့် ဖမ်းဆီးထားကြောင်း ကို မသိရှိရသေးပေ။

“ ဟုတ်တယ်ဗျ။ သူတို့ကို ဒီတိုင်းပဲဖမ်းထားတာ။ လွတ်လည်းမလွတ်လာသေးဘူး။ အခုချိန်ထိတော့ သူတို့ ၂ ယောက်ကို ဘာအမှုနဲ့ ဖမ်းထားလဲဆိုတာ မသိရသေးဘူး။ ဘာကြောင့်ဖမ်းလည်း မသိရသေးဘူး” ဟု အထက်ပါ ဒေသခံတစ်ဦးက ပြောသည်။

ဒေါ်မမလေးသည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဓနုဒေသ ရွာငံမြို့နယ် နှင့် ပင်းတယမြို့နယ်တို့ (၂)ကြိမ် ဆက်တိုက် အနိုင်ရရှိခဲ့သည့် အမျိုးသားလွှတ်တော် အမတ်တစ်ဦးဖြစ်သည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...