(၆၄) နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ သျှမ်းလက်နက်ကိုင် တပ် (၂) တပ်ကျင်းပမည်

(၆၄) နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ သျှမ်းလက်နက်ကိုင် တပ် (၂) တပ်ကျင်းပမည်

(၆၄) နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားကို သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များ၏ ဌာနချုပ်အသီးသီး တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

လာမည့် မေ (၂၁) ရက်သည် သျှမ်းတော်လှန်ရေး (၆၄) နှစ်ပြည့်အခမ်းအနားအား သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ ဌာနချုပ်ရှာရာ လွိုင်တိုင်းလျန်း၊ လွိုင်ကော်ဝမ်းတပ်စခန်းနှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊သျှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ် ဝမ်ဟိုင်းတွင်ကျင်းပ သွားမည်ဖြစ်ကြောင်းသိရသည်။

“ဌာနချုပ်မှာတော့ လွမ်းသူ့ပန်းခွေတွေ ချမယ်။ ပြီးတော့ အမျိုးသားရေးအတွက် အသက်ပေးသွားတဲ့ သူရဲကောင်းတွေကို ရည်စူးပြီး အလှူလုပ်မယ်။ အမျှပေးဝေသွားဖို့ရှိတယ်။ ကိုဗစ်-၁၉ ကြောင့် ကြီးကြီးမားမား တော့ လုပ်ဖို့မရှိပါဘူး” ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားကို သျှမ်းလက်နက်ကိုင် တပ် (၂) တပ်က ခမ်းနားစွာ ကျင်းပမည်မဟုတ်ကြောင်း သိရှိရသည်။

SSPP/SSA မှ တာဝန်ရှိသူ တစ်ဦးက “ဒီနှစ်လည်း ကျနော်တို့ ဌာနချုပ်မှာ နှစ်တိုင်းလိုပဲ ကျင်းပပြုလုပ်သွား ဖို့ရှိတယ်။ ဒီနှစ်က အခမ်းအနားအစီစဉ်ဘယ်လိုရှိလဲဆိုတာကိုတော့ မသိရသေးဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ က ဆွေးနွေးနေကြတုန်းပဲ” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

၁၉၅၈ ခုနှစ် မေ (၂၁) ရက်တွင် မိုင်းတုံမြို့နယ် နမ့်ကျွတ်ချောင်းဘေး တောတွင်းတနေရာ၌ သျှမ်းလူငယ် (၃၁)ဦးသည် သျှမ်းပြည် လွတ်မြောက်ရေးအတွက် သွေးသစ္စာရေသောက်ခဲ့ပြီး လက်နက်ကိုင် တော်လှန်ရေး လုပ်ငန်းစတင်ခဲ့သည့်နေ့ကို သျှမ်းတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...