ရခိုင် စေတီတောင်တိုက်နယ်ဆေးရုံ သူနာပြုဆရာမ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု တရားမျှတမှု ရသည်အထိ ဆောင်ရွက်မည်

ရခိုင် စေတီတောင်တိုက်နယ်ဆေးရုံ သူနာပြုဆရာမ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု တရားမျှတမှု ရသည်အထိ ဆောင်ရွက်မည်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတီတောင် တိုက်နယ်ဆေးရုံ၌ သူနာပြုဆရာမကို တာဝန်ခံ ဆရာဝန်က လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် ကြိုးပမ်းသည့် အပြင် ယင်းဆရာဝန်နှင့် ၎င်း၏ ဇနီးဖြစ်သူ အပါအဝင် သုံးဦးတို့က အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သည့် ကိစ္စကို တရားမျှတမှု ရသည်အထိ ကူညီပေးသွားမည်ဟု ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက မဇ္ဈိမကို ပြောသည်။

“ကျွန်မတို့ စောင့်ကြည့်နေပါတယ်။ တရားမျှတမှုရဖို့၊ ဒီအမှုမှန် ပေါ်ပေါက်ဖို့ ဘယ်လို ကူညီ ပေးနိုင်မလဲ။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း လုပ်ဆောင် နေပါတယ်” ဟု ရခိုင်အမျိုးသမီးများ ကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

စေတီတောင် တိုက်နယ်ဆေးရုံရှိ ဆယ်ကျော်သက်အရွယ် သူနာပြု ဆရာမကို ဆေးရုံ တာဝန်ခံ ဒေါက်တာ ညီညီမောင်က ဖုန်းမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် ကြိုးပမ်းလိုသည့် စာရေးသား ပေးပို့ခြင်းအပြင် ဆရာဝန်နှင့် ၎င်း၏ ဇနီးဖြစ်သူတို့က သူနာပြုဆရာမ နေထိုင်ရာ အခန်းထဲထိ ဝင်ရောက်ကာ ကိုယ်ထိလက်ရောက် အုပ်စုဖွဲ့ ရိုက်နှက်မှု မေလ ၁၀ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆရာဝန်၏ ဇနီးဖြစ်သူက ဦးစွာ ဝင်ရောက်ရိုက်နှက်ခဲ့ခြင်း ဖြစ်ကာ ရိုက်နှက်နေချိန် အတွင်း ဆရာဝန်နှင့် တပည့်ဖြစ်သူတို့ ထပ်မံ ရောက်ရှိလာပြီး ၎င်းတို့က သူနာပြု ဆရာမငယ်ကို လက်နောက်ပြန် ချုပ်ပေးကာ အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သည့် အပြင် ဦးခေါင်းကို အုတ်နံရံဖြင့် မိနစ် အနည်းငယ်ကြာ ကိုင်ဆောင့်ခဲ့သည့် ဒဏ်ရာကြောင့် သတိလစ်သလို ဖြစ်သွားခဲ့သည်ဟု မျက်မြင်များနှင့် အမှုကို ကူညီပေးနေသူများက ပြောသည်။

ထိုသို့ အုပ်စုဖွဲ့ ရိုက်နှက်မှု ခံရသော သူနာပြု ဆရာမ၏ စိတ်ဒဏ်ရာကို ကုစားရန်နှင့် ဖေးမ ကူညီပေးရန် အတွက် ကော်မတီက အသေးစိတ် ဆွေးနွေးနေပြီး ကာယကံရှင် အမျိုးသမီးနှင့် တွေ့ဆုံနိုင်ရန် ကြိုမ်းပမ်းနေကြောင်း ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

“ဒီလို ဖြစ်ရပ်တွေ အရင်ကလည်း ရှိခဲ့တယ်။ အမှု လွတ်သွားတာတွေလည်း အများကြီး။ နည်းမှန် လမ်းမှန်နဲ့ ဥပဒေကြောင်းအရ တရားရင်ဆိုင်တဲ့ နေရာကို ရောက်စေချင်ပါတယ်။ တရားဥပဒေ အထက်မှာ လက်မဲကြီး ရှိနေတယ် ဆိုတဲ့ အနေအထားမျိုး မလိုလားဘူး” ဟု ရခိုင်အမျိုးသမီးများ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

ထိုဖြစ်ရပ်အတွက် ကာယအိန္ဒြေပျက်ပြားအောင် လုပ်ဆောင်မှုနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှု ပုဒ်မ ၃၅၄ ၊ နေအိမ်ကျူးကျော် ဝင်ရောက်မှု ပုဒ်မ ၄၅၁ နှင့် ဆဲဆိုမှု ပုဒ် ၂၉၄ စသည့် ပုဒ်မသုံးခုဖြင့် ဘူးသီးတောင်မြို့နယ် ရဲစခန်းတွင် ကျူးလွန်ခံရသည့် ကာယကံရှင် အမျိုးသမီးကိုယ်တိုင် အမှု ဖွင့်ထားကြောင်း သိရသည်။

ယင်းအပြင် ရခိုင်ပြည်သူ့ အာဏာပိုင်အဖွဲ့ (ULA/AA ) ၏ တရားရုံး တစ်ရုံးကလည်း ကျူးလွန်ခံရသူ သူနာပြု အမျိုးသမီးကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ၎င်းနှင့် နီးစပ်သူများထံက တဆင့် သိရပြီး စစ်ဆေးနေမှု အကြောင်းအရာ အသေးစိတ်ကို မသိရပေ။

ယင်းသို့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် ကြိုးပမ်းသည့် စေတီတောင် တိုက်နယ်ဆေးရုံ တာဝန်ခံ ဆရာဝန် ဒေါက်တာညီညီမောင်ကို လက်ရှိတွင် စေတီတောင် တိုက်နယ်ဆေးရုံမှ စစ်တွေပြည်သူ့ ဆေးရုံကြီးသို့ တာဝန်ပြောင်းရွှေ့လိုက်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနက စာထုတ်ပြန် ထားသည်ကို တွေ့ရသည်။

ယခုဖြစ်ရပ်သည် ရခိုင်ပြည်နယ်ရှိ အမျိုးသမီးထု တစ်ရပ်လုံး၏ လုပ်ငန်းခွင်ဘဝ လုံခြုံရေး၊ လုပ်ငန်းခွင် အတွင်း အကြမ်းဖက် ခံရခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို ကာကွယ်ပေးမည့် အခြေအနေများ ကင်းမဲ့နေဆဲ ဖြစ်သည်ကို မျက်ဝါးထင်ထင် မြင်တွေ့ရခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသမီးများ ကွန်ရက်က မေလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (AHRDPA) ကလည်း ယခုဖြစ်ရပ်သည် အမျိုးသမီးများကို အကြမ်းဖက်မှု ကျူးလွန်ခြင်း ဖြစ်ကြောင်းနှင့် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ထိရောက်စွာ အရေးယူမှုမျိုး လုပ်ဆောင်ရန် တိုက်တွန်းထားသည်။

(မှတ်ချက်= သူနာပြုဆရာမ၏ အမည်ကို မဇ္ဈိမက ကျင့်ဝတ်အရ ဖုံးကွယ်ထားခြင်းဖြစ်သည်။)

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...