မူဆယ်မြို့ ပစ်ခတ်မှုဖြစ် ထိခိုက်ဒဏ်ရာ ရသူရှိ

မူဆယ်မြို့ ပစ်ခတ်မှုဖြစ် ထိခိုက်ဒဏ်ရာ ရသူရှိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စွမ်စော်ရပ်ကွက်တွင် ယမန်နေ့ (မေ ၁၇) ရက် ည ၁၁ နာရီ၀န်းကျင်၌ အမည်မသိ လက်ကိုင်တစ်စုက လက်နက်အပြည့်အစုံဖြင့် ရပ်ကွက်ထဲ၀င်လာပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မေလ ၁၇) ရက် ည ၁၁ နာရီဝန်းကျင်တွင် စစ်ဝတ်စုံနှင့် တံဆိပ် အဖွဲ့အစည်းမသိရသည့် သေနတ်ကိုင်လူတစ်စုက မူဆယ်မြို့ စွမ်စော်ရပ်ကွက်သို့ ဝင်လာပြီး နေအိမ်တစ်ခုမှ အမျိုးသားတစ်ဦးကို ရိုက်နက်ကန်ကျောက်ပြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“မနေ့ည ၁၁ နာရီလောက်မှာ စစ်၀တ်စုံအပြည့် နဲ့ သေနတ်ကိုယ်စီထားတဲ့ လူတစ်စုက ရပ်ကွက်ထဲဝင်လာတယ်၊ နေအိမ်တစ်အိမ်လုံးက အမျိုးသားတစ်ဦးကို ခေါ်ထုတ်ပြီး ရိုက်နှက်ကန်တာ တွေ့ရတယ်။ သူကထွက်ပြေးဖို့လုပ်တော့ ဟိုအဖွဲ့က သူ့ကို သေနတ်နဲ့ပစ်လိုက်တာ” ဟု မူဆယ်မြို့မှ အသက် ၃၅ နှစ်ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

 သေနတ်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် ဗုံးကဲ့သို့ ပေါက်ကွဲသံ နှစ်ချက်လည်းထပ်မံ ကြားရ ကြောင်း အထက်ပါ အမျိုးသားက ပြောသည်။

ထိုပစ်ခတ်ဖောက်ခွဲမှုများကြောင့် အဆိုပါ အမျိုးသား၏ အခြေအနေ မသိရှိရကြောင်း နှင့် သေနတ်ကိုင်လာသည့် အုပ်စုကိုလည်း အဖွဲ့အစည်း အမည်မသိရသေးကြောင်း ၎င်းက ပြောသည်။

“သူတို့ (သေနတ်ကိုင် လူစု) က စစ်၀တ်စုံနဲ့လာတယ်။ ကျန်တာ ဘယ်အဖွဲ့အစည်း၊ ဘယ်သူဘယ်ဝါ ဆိုတာတွေတော့ မသိရဘူး၊ ပြီးတော့ စွမ်စော်ရပ်ကွက်က အဲ့အမျိုးသားကို ဘာကြောင့် အဲ့လိုလုပ်ရတာလည်း ဆိုတာ ကျနော်တို့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

CCTV မှတ်တမ်းများအရ လက်နက်ကိုင် လူအုပ်စုသည် အင်အား ၂၀ ဝန်းကျင်ခန့်ရှိပြီး ညအချိန် ဖြစ်သည့် အပြင် လမ်းမီးအလင်းရောင်မကောင်းသည့် အတွက် သေချာစွာ မမြင်ရကြောင်း ဒေသခံများက ပြောသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်သည့်အပြင် လက်နက်ကိုင်တပ်ဖွဲ့များလည်း များပြားစွာရှိနေသည့်အတွက် ယခုလို ပစ်ခတ်မှုများ၊ ခိုးယူလုယက်မှုများ နှင့် ခြိမ်းခြောက်မှုများလည်း မကြာခဏဖြစ်ပွားလေ့ရှိသည့် ဒေသတစ်ခုဖြစ်သည်။

May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...