ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်၊နှစ်ဖက် ကျဆုံးမှုရှိ

ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်၊နှစ်ဖက် ကျဆုံးမှုရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအင်းရှေ့ဘက်ခြမ်းကျေးရွာတွေမှာ မေလ ၁၅ ရက်နေ့  က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းသုံးပြုပြီး သုံးကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဖယ်ခုံ PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ ဂျက်တိုက်လေယာဉ်ကတော့ နှစ်စီးဗျ။ သူတို့ ဗုံးကျဲတာကတော့ သုံးခေါက်ကျဲသွားတယ်။ နောက်ဒုတိယ တစ်ခါမှာတော့ ရဟတ်ယာဉ်လာသေးတယ်ဗျ။” လို့ ဖယ်ခုံ PDF တာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

စစ်ကောင်စီဘက်က အင်အား ၈၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိတယ်လို့ ဖယ်ခုံ PDF တာဝန်ရှိသူ တစ်ဦးက ဆက်ပြောပါတယ်။

“ ကျနော်တို့ ဘက်မှာတော့ SSRY ရဲဘော် CDM ရဲတပ်ဖွဲ့ဝင်ပေါ့နော။ တစ်ယောက်ကျသွားတယ်။ စခန်းမှူးဆိုတဲ့ တစ်ယောက်ပေါ့။ ဒဏ်ရာက အဲ့ဒီ SSRY ကပဲ ဒဏ်ရာနောက်တစ်ယောက် ထပ်ရသွားတယ်။ ကျဆုံးတစ်ယောက် ဒဏ်ရာရ တစ်ယောက်ပေါ့။ စစ်ကောင်စီဘက်က အကျအဆုံးတော့ အတည်ပြုဖို့ ခက်တယ်။ သူတို့လည်း ကျတယ်။ သူတို့က ပိုကျတယ်ဗျ။” လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီ၊ ပအို့ဝ်ပြည်သူ့စစ်အဖွဲ့တို့ မွန်းလွှဲတစ်နာရီအချိန်မှာ တိုက်ပွဲစတင် ဖြစ်ပွားခဲ့တယ်လို့ KNDF B-03 က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ရက်နေ့မှာလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ထီရိကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ် နဲ့ ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ ( PNO ) တို့ အခြေချထားတဲ့ ထီရိဂိတ်စခန်းကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) ၊ ဖယ်ခုံပြည်သူ့ ကာကွယ်ရေးတပ် ( Pekhon PDF )တို့က သွားရောက်သိမ်းပိုက်ခဲ့ပြီး သုံ့ပန်း ၅ ဦးနဲ့ လက်နက်တချို့ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေ့မှာပဲ ပအိုဝ်းပြည်သူ့စစ်အဖွဲ့က အနီးအနားရှိ စခန်းတွေမှာ ချက်ချင်းအင်အားဖြည့်တင်းနေတာတွေ ပြုလုပ်နေခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက် ကျေးရွာအနီး အုပ်စုလေးအုပ်စုက ဒေသခံတွေဟာ ဘေးလွှတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...