စစ်ကောင်စီတပ်မှ ပြည်သူများကိုအသုံးချပြီး ပစ္စည်းသယ်ယူနေတာကြောင့် ရှားတော-လွိုင်ကော်လမ်းကို ယာယီပိတ်ထား

စစ်ကောင်စီတပ်မှ ပြည်သူများကိုအသုံးချပြီး ပစ္စည်းသယ်ယူနေတာကြောင့် ရှားတော-လွိုင်ကော်လမ်းကို ယာယီပိတ်ထား

စစ်ကောင်စီတပ်ဟာ ခရီးသွားလာနေတဲ့ပြည်သူတွေကို အသုံးချပြီး ကြားဖြတ်ရိက္ခာတွေ သယ်ယူ ခိုင်းနေတာကြောင့် ရှားတော-လွိုင်ကော်လမ်းကို မေလ ၁၆ ရက်က စပြီး ယာယီပိတ်ထားကြောင်း KNDF B-17က ထုတ်ပြန်ထားပါတယ်။

“သူတို့က ပေါ်တင်မလှုပ်ရှားဘဲနဲ့ ပြည်သူလူထုထဲကနေပြီး ရိက္ခာသယ်ခိုင်းတဲ့ဟာမျိုးတွေ ပြည်သူထဲကနေ လှုပ်ရှားတဲ့ခါကျတော့ ကျမတို့အတွက်အဆင်မပြေလို့ အဲဒါလေးတွေဖျက်ချင်လို့ပဲ ဒီလမ်းကို ကျမတို့ပိတ်ထားရတာဖြစ်တယ်” လို့ KNDF B-17 မှ တာဝန်ရှိသူက ပြောပါတယ်။

မေလ ၁၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကြားဖြတ်ရိက္ခာသယ်တာဟာ စစ်ကောင်စီ သက်ဆိုးရှည်စေရန် အထောက်အကူဖြစ်စေတာကြောင့် အဲဒါတွေကို လက်မခံနိုင်တဲ့အတွက် စာထုတ်ပြန်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ လွိုင်ကော်-ရှားတောလမ်းမပေါ် ဆိုင်ကယ်နဲ့သွားနေတဲ့ ပြည်သူတချို့ကို ခြိမ်းခြောက်ပြီး ပစ္စည်း သယ်ခိုင်းတာတွေရှိပြီး ပြည်သူတွေအနေနဲ့ ပစ္စည်းမသယ်ပေးပါက နောက်တကြိမ် ခရီးသွားလာခွင့် မပြုတော့မှာစိုးရိမ်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

တိုက်ပွဲနဲ့စစ်ရေး အခြေအနေတွေအပေါ် မူတည်ပြီး ရှားတော လမ်းပိုင်းကို ဘယ်အချိန် ပြန်လည်သွားလာခွင့်ပြုမလဲဆိုတာ အတိအကျမရှိသေးဘူးလို့ KNDF B-17 မှ တာဝန်ရှိသူက ပြောပါတယ်။

May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...