ဒေါက်တာ M Kawn La ကို မြစ်ကြီးနားတွင် ထပ်မံ တရားရင်ဆိုင်ရန် ပို့ဆောင်

ဒေါက်တာ M Kawn La ကို မြစ်ကြီးနားတွင် ထပ်မံ တရားရင်ဆိုင်ရန် ပို့ဆောင်

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသော ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ကို ကချင်ပြည်နယ် မြစ်ကြီးနားတွင် ထပ်မံတရားစွဲဆိုထားသဖြင့် တရားရင်ဆိုင်ရန်အတွက် မြစ်ကြီးနားသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။

ဒေါက်တာ M Kawn La ကို မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး သန်းထိုက်က တရားလိုအဖြစ် ၅၀၅(က)ဖြင့် ထပ်မံတရားစွဲဆိုထားသောကြောင့် အမှုရင်ဆိုင်ရန် မေလ ၉ရက်နေ့တွင် နေပြည်တော်မှ မြစ်ကြီးနားသို့ ပို့ဆောင်ထားကြောင်း KNC ပါတီဘက်မှ ပြောဆိုခွင့်ရှိသူ တစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

“မနေ့က နေပြည်တော်ကနေ ရောက်လာတာဟုတ်တယ်။ အခုက မြို့နယ်ရဲစန်းမှာ ချုပ်ထားတယ်။ ဒီကနေ့ကတော့ နေပြည်တော်ကနေမြစ်ကြီးနားကိုအမှုပြောင်းအမှုလွဲလုပ်မှာဖြစ်တယ်။အခုအခြေအနေကအမှုစွဲထားတာကိုထပ်မံရင်ဆိုင်ဖို့ဖြစ်တယ်။ ကျန်တာကတော့ သူတို့ရဲ့ လုပ်ဆောင်ချက်အတိုင်းသွားဖို့ဘဲဖြစ်တယ်” ဟု ပြောဆိုသည်။

လက်ရှိတွင် ဒေါက်တာ M Kawn La ကို မြစ်ကြီးနား အမှတ်(၁)ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ယနေ့ မြို့နယ်တရားရုံးတွင် အမှုပြောင်းအလွှဲပြုလုပ်ပြီးနောက် မြစ်ကြီးနားအကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ထားမည်ဖြစ်ကြောင်း ပါတီဘက်က တာဝန်ရှိသူများပြောဆိုချက်မှ သိရသည်။

KNC ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ကို ပြီးခဲ့သော မတ်လ ၂၃ရက်နေ့ နေပြည်တော်တွင် ထောင်ဒဏ် ၂နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး အမှုပြီးပြတ်သေးခြင်းမရှိ သေးဘဲ မြစ်ကြီးနားတွင် ထပ်မံတရားစွဲထားသဖြင့် အမှုရင်ဆိုင်ရန် မြစ်ကြီးနားကို ပို့ဆောင်ထားခြင်းဖြစ်သည်။

မြစ်ကြီးနားတွင် စွဲဆိုထားသည့်အမှုသည် နေပြည်တော်တွင် ဖမ်းဆီးခံခဲ့ရသော ဩဂုတ်လ ၂၅နေ့ နောက်တစ်ရက် ၂၆ ရက်နေ့တွင် စစ်တပ်ဘက်ကနေ ၅၀၅(က)ဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ M Kawn La သည် ပြီးခဲ့သော ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ရက်နေ့မွန်လွှဲ ၃နာရီဝန်းကျင်ခန့် နေပြည်တော်တွင် ဖမ်းဆီးခံလိုက်ရပြီး ၇ လခန့်အကြာဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် မတ်လ ၂၃ရက်နေ့တွင် ထောင်ဒဏ်ချမှတ်ခဲ့သည်။

July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...