ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်မြန်မာနိုင်ငံသားများတင်ဆောင်လာသည့်ကား သေနတ်ဖြင့်ပစ်ခံရ၍ တစ်ဦးသေပြီး ၃ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်မြန်မာနိုင်ငံသားများတင်ဆောင်လာသည့်ကား သေနတ်ဖြင့်ပစ်ခံရ၍ တစ်ဦးသေပြီး ၃ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ပရာကျွတ်ခီရီခန်ပြည်နယ်အတွင်းသို့ မြန်မာနိုင်ငံသားမှ တရားမဝင် အလုပ်သမားများကို တင်ဆောင်လာသည့် ကားတစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် တစ်ဦးသေပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

၎င်းဖြစ်စဉ်သည် မေ ၆ ရက် နံနက် ၇ ခန့်တွင်ဖြစ်ပွားခဲ့ပြီး ကားသည် သေနတ်အချက်ပေါင်းများစွာ ထိမှန်ခဲ့သည်ဟု သိရသည်။

သေဆုံးသူမှာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သေနတ် ဒဏ်ရာမှာ ဦးခေါင်းတွင် တစ်ချက်၊ နောက်ကျော၌ တစ်ချက်ထိမှန် ခဲ့သည်ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ(JACBA)  ပြောသည်။

ဒဏ်ရာသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကိုတို့ကိုလည်း ပရာကျွတ်ခီရီခန်ဆေးရုံကို ပို့ဆောင်ခဲ့ရသည်ဟု ဆိုသည်။

အခင်းဖြစ်ပွားရာ နေရာအနီးမှာ ပုန်းခိုနေသည့် မြန်မာနိုင်ငံသား အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၆ ဦးကိုလည်း ထပ်မံတွေ့ရှိရပြီး စုံစမ်းစစ်ဆေးမှုအရ ၎င်းတို့  ပုန်းခိုနေသော နေရာ၌  ၃ ရက်ခန့်  ကြာပြီဖြစ်သည်ဟု သိရသည်။

အထောက်အထားမဲ့ မြန်မာသားများကို  တင်ဆောင်လာသည့် ၎င်းကားသည်   ထိုင်း-မြန်မာ နယ်စပ် ပရာကျွတ်ခီရီကန် ပြည်နယ်ထဲတွင် လုံခြုံရေး စစ်ဆေးရေးဂိတ်၌  အစစ်ဆေးမခံဘဲ မောင်းပြေးပြီးတဲ့နောက် သေနတ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဗွီအိုအေသတင်းက ဖော်ပြထားသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...