စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲကြား ကျဆုံးခဲ့သည့် သျှမ်းလူငယ်နှစ်ဦးကို ယနေ့ သဂြိုလ်မည်

စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲကြား ကျဆုံးခဲ့သည့် သျှမ်းလူငယ်နှစ်ဦးကို ယနေ့ သဂြိုလ်မည်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မော်တောင်းကျေးရွာအနီးတွင် စစ်ကောင်စီ နှင့် TNLA တို့ ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ကျဆုံးခဲ့ရသည့် သျှမ်းလူငယ် နှစ်ဦးကို ယနေ့ မေ (၅) ရက်မှာ သဂြိုလ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီ နှင့် TNLA  တို့တိုက်ပွဲကြား ကျဆုံးခဲ့ရသည့် အဆိုပါ သျှမ်းလူငယ်နှစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့  (မေ ၄ ရက်နေ့) က ပရဟိတသမားများမှ မူဆယ်မြို့ ရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး လက်ရှိတွင် မူဆယ်မြို့အတွင်းရှိ သျှမ်းလူငယ်များ နှင့် အဖွဲ့အစည်းများ  နာရေးအတွက် ကူညီဆောင်ရွက် ပေးနေကြောင်းသိရသည်။

“အခုတော့ အားလုံးနီးပါး ပြင်ဆင်ထားပြီးပါပြီ၊ သူတို့နှစ်ဦးရဲ့ မိဘဆွေမျိုးတွေကို စောင့်နေကြပါတယ်၊ သူတို့ ရောက်လာရင်တော့ ဆရာတော်တွေ ပင့်ပြီး အသုဘတရားနာမယ်၊ ပြီးရင်တော့ မူဆယ်သုဿန်မှာပဲ မီးသဂြိုလ် မှာပါ၊ အရိုးကိုတော့ ကျောက်မဲကို သယ်သွားမယ်” ဟု နာရေးသို့ ကူညီဆောင်ရွက်ပေးနေသည့် သျှမ်းလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်းတို့ နှစ်ဦးသည် ကျောက်မဲမြို့ ဒေသခံများ ဖြစ်ကြပြီး မူဆယ်မြို့သို့ ကားဖြင့် ခရီးထွက်လာစဥ်တွင် စစ်ကောင်စီစစ်ကြောင်း၏ ပေါ်တာဆွဲခြင်းကို ခံလိုက်ရပြီး လမ်းတစ်ဝက်အရောက်တွင် TNLA တပ်ဖွဲ့တို့၏ တိုက်ခိုက်မှုကို ခံရကာ အသက်ဆုံးရှုံးလိုက်ရခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ သျှမ်းလူငယ်နှစ်ဦးအနက် တစ်ဦးသည် TYN (Tai Youth Network) မှ အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် သျှမ်းပြည်ညီညွှတ်ရေးကော်မတီ (CSSU) မှ အတွင်းရေးမှူး အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...