တာချီလိတ်မြို့ ရှိ ပြည်ခိုင်ဖြိုးရုံး ပစ်ခတ်ခံရ

တာချီလိတ်မြို့ ရှိ ပြည်ခိုင်ဖြိုးရုံး ပစ်ခတ်ခံရ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ရွှေတိဂုံဘုရားလမ်းရှိ ပြည်ခိုင်ဖြိုးရုံး ယနေ့ မနက် ၂ နာရီဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

“ဒီနေ့မနက် ၂ နာရီလောက်လာပစ်ခတ်သွားတာ။။ သေနတ်နဲ့လာပစ်တာ။ ၁၀ ချက်ဝန်းကျင်လောက်ကြားရတယ်။ လူထိခိုက်မှုရှိမရှိတော့ မသိရဘူး” ဟု တာချီလိတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ပြည်ခိုင်ဖြိုးရုံးတွင် ရုံးတက်သူများမရှိကြောင်း သန့်ရှင်းရေးသမား နှင့် ညစောင့် ဝန်ထမ်းသာရှိကြောင်း သိရသည်။

တာချီလိတ်မြို့သည် မကြာခဏ ဗုံးပေါက်ကွဲသံများ၊ သေနတ်ပစ်ခတ်သံများ ကြားနေရသဖြင့် ညပိုင်းချိန်တွင် အပြင်ထွက်သွားလာမှုကို စိုးရိမ်နေရကြောင်း သိရသည်။

“ ညတော့ အပြင်သိပ်မသွားတော့ဘူး။ ညအချိန်ဆို ခဏခဏ ပစ်ခတ်သံတွေ၊ ဗုံးပေါက်ကွဲသံတွေ၊ ဆိုင်ကယ်တိုက် တာတွေက ဖြစ်တယ်။ အဲကြောင့် ညညဆို အပြင်သွားရမှာစိတ်ပူရတယ်” ဟု တာချီလိတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တာချီလိတ်မြို့သည် နိုင်ငံရေး နှင့် ပတ်သတ်ပြီး ပစ်ခတ်မှုသည် ယနေ့ မနက် က ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...