နောင်ချိုမြို့နယ် လူငယ် (၂) ဦး အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့ ဖမ်းဆီးသွား

နောင်ချိုမြို့နယ် လူငယ် (၂) ဦး အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့ ဖမ်းဆီးသွား

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာက စက်သုံးဆီဆိုင်မှ လူငယ် (၂) ဦးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

ယနေ့ (မေ ၃)ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့စည်းတစ်ခုမှ ဆမ္မဆယ်ကျေးရွာအတွင်းရှိ ဆီဆိုင်ပိုင်ရှင်၏ သားနှင့် မြေးဖြစ်သူ အမျိုးသမီးကို လက်နက်အပြည့်စုံဖြင့် လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

“ လူ (၅) ယောက်လောက် ကားတစ်စီးနဲ့ လာဖမ်းသွားတာ။ ဘယ်အဖွဲ့စည်းက လာဖမ်းသွားလဲတော့မသိဘူး။ သေနတ်တွေလည်းပါတယ်။ ကျေးရွာတွင်းရှိ ဆီဆိုင်တစ်ခုရဲ့ သားနဲ့ မြေးဖြစ်သူကို လာဖမ်းသွားတာ။ ဘာကြောင့်ဖမ်းလဲခုထိတော့ အသေးစိတ်မသိရသေးဘူး” ဟု နောင်ချိုမြို့နယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးသည် အသက် (၂၀) ဝန်းကျင်သာရှိပြီး အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦး ဖြစ်ကြောင်းသိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...