သဘာဝဘေးစီနဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံထားရသည့် ကချင်ပြည်နယ် NLD ပါတီ ဥက္ကဌ ဦးမြသိန်း ပြန်လည်လွတ်မြောက်

သဘာဝဘေးစီနဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံထားရသည့် ကချင်ပြည်နယ် NLD ပါတီ ဥက္ကဌ ဦးမြသိန်း ပြန်လည်လွတ်မြောက်

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ်တစ်နှစ်ချမှတ် ခံထားရသည့် ကချင်ပြည်နယ် NLD ပါတီ ဥက္ကဌ ဦးမြသိန်းသည် ယနေ့တွင် ချုပ်ရက်ပြည့်မြောက်ပြီဖြစ်သဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် NLD ပါတီ ဥက္ကဌ ဦးမြသိန်းအား မြစ်ကြီးနားအကျဉ်းထောင်မှ ယနေ့ မနက်ပိုင်းတွင် လွတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ အတည်ပြုပြောဆိုသည်။

ဦးမြသိန်းကို သဘာဝဘေးစီပုဒ်မ (၂၅) အရ ပြစ်မှုအလုံးစုံအတွက် ထောင်ဒဏ်တစ်နှစ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ (၃၀) ရက်နေ့မှာ စစ်ကောင်စီရဲ့ ထောင်တွင်းတရားရုံးကနေ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနေ့မှာပဲ လူမှုရေးဝန်ကြီး ဦးနေဝင်း ကိုလည်း သဘာဝဘေးအန္တရာယ်ဆိုက်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) အပါအဝင် ပုဒ်မ (၃) ခုအတွက် ပုဒ်မတစ်ခုစီကို ထောင်ဒဏ် တစ်နှစ်စီနဲ့ စုစုပေါင်း ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့ပါတယ်။

ယင်းအပြင် လဝက ဝန်ကြီး ဦးဇော်ဝင်းကိုလည်း မတရားအသင်း ဆက်သွယ်မှုဆိုင်ရာ အက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ယင်းနေ့တွင် ထောင်ဒဏ် (၂)နှစ် ချမှတ်ခဲ့သည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီး (၆) ဦးတို့ကို အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅ ဖြင့်လည်း ထောင်ဒဏ်အသီးသီး ချမှတ်ထားသည်။

ပြည်နယ် NLD ဥက္ကဌ ဦးမြသိန်း ၊ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အပါအဝင် ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးတို့သည် စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီ (၁)ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...