သဘာဝဘေးစီနဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံထားရသည့် ကချင်ပြည်နယ် NLD ပါတီ ဥက္ကဌ ဦးမြသိန်း ပြန်လည်လွတ်မြောက်

သဘာဝဘေးစီနဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံထားရသည့် ကချင်ပြည်နယ် NLD ပါတီ ဥက္ကဌ ဦးမြသိန်း ပြန်လည်လွတ်မြောက်

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ်တစ်နှစ်ချမှတ် ခံထားရသည့် ကချင်ပြည်နယ် NLD ပါတီ ဥက္ကဌ ဦးမြသိန်းသည် ယနေ့တွင် ချုပ်ရက်ပြည့်မြောက်ပြီဖြစ်သဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် NLD ပါတီ ဥက္ကဌ ဦးမြသိန်းအား မြစ်ကြီးနားအကျဉ်းထောင်မှ ယနေ့ မနက်ပိုင်းတွင် လွတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ အတည်ပြုပြောဆိုသည်။

ဦးမြသိန်းကို သဘာဝဘေးစီပုဒ်မ (၂၅) အရ ပြစ်မှုအလုံးစုံအတွက် ထောင်ဒဏ်တစ်နှစ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ (၃၀) ရက်နေ့မှာ စစ်ကောင်စီရဲ့ ထောင်တွင်းတရားရုံးကနေ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနေ့မှာပဲ လူမှုရေးဝန်ကြီး ဦးနေဝင်း ကိုလည်း သဘာဝဘေးအန္တရာယ်ဆိုက်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) အပါအဝင် ပုဒ်မ (၃) ခုအတွက် ပုဒ်မတစ်ခုစီကို ထောင်ဒဏ် တစ်နှစ်စီနဲ့ စုစုပေါင်း ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့ပါတယ်။

ယင်းအပြင် လဝက ဝန်ကြီး ဦးဇော်ဝင်းကိုလည်း မတရားအသင်း ဆက်သွယ်မှုဆိုင်ရာ အက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ယင်းနေ့တွင် ထောင်ဒဏ် (၂)နှစ် ချမှတ်ခဲ့သည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီး (၆) ဦးတို့ကို အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅ ဖြင့်လည်း ထောင်ဒဏ်အသီးသီး ချမှတ်ထားသည်။

ပြည်နယ် NLD ဥက္ကဌ ဦးမြသိန်း ၊ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အပါအဝင် ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးတို့သည် စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီ (၁)ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...