စစ်တွေမှ ရန်ကုန်သွားသည့် ခရီးသည်တင်ယာဉ်ပေါ်မှ မူဆလင်အမျိုးသမီး ၄ ဦ ဖမ်းဆီးခံရ ခြင်းမှာ ရန်ကုန်သို့သွားလာခွင့်မရှိဟုဆို

စစ်တွေမှ ရန်ကုန်သွားသည့် ခရီးသည်တင်ယာဉ်ပေါ်မှ မူဆလင်အမျိုးသမီး ၄ ဦ ဖမ်းဆီးခံရ ခြင်းမှာ ရန်ကုန်သို့သွားလာခွင့်မရှိဟုဆို

မာန်သစ္စာခရီးသည်တင်ယာဥ်ပေါ်မှ မူဆလင်အမျိုးသမီး ၄ ဦးကို အမ်းစစ်ဆေးရေးဂိတ် တစ်ခုတွင် ဖမ်းဆီးခဲ့ခြင်းမှာ ရန်ကုန်ကို သွားလာခွင့်မရှိ၍ ဖမ်းဆီးခြင်းဟု မြို့နယ်အဆင့် တာဝန်ရှိသူ ရဲအရာရှိ တစ်ဦးက ပြောဆိုသည်။

" သူတို့ကရန်ကုန်ကိုသွားခွင့်မရှိဘူးလေ။ အထောက်အထားမပါတော့။ အဲ့ဒါကြောင့် ဖမ်းတာပါ" ဟု အမ်းစခန်းမှူးဦးမျိုးကြည်က ပြောသည်။

၎င်းအမျိုးသမီး ၄ ဦးသည် မာန်သစ္စာခရီးသည်တင်ယာဥ်ဖြင့် စစ်တွေမှ ရန်ကုန်သို့ လိုက်ပါလာရာ အမ်းမြို့ (၁) မိုင်ကုန်းစစ်ဆေးရေးဂိတ်တွင် ဧပြီ ၂၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးထားသည့်အမျိုးသမီး ၄ ဦးကို အမ်းလဝကမှ အမှုဖွင့်ရန် ဆောင်ရွက်နေပြီး ၎င်းအမျိုးသမီး ၄ ဦးအား ကားဖြင့် တင်ဆောင်လာသည့် ယာဥ်မောင်း ၂ ဦးကိုလည်း တရားမဝင်သယ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၃၆၇ ဖြင့်အမှုဖွင့်ဆောင်ရွက်နေသည်ဟု စခန်းမှူး ဦးမျိုးကြည်ကပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ကလည်း အမ်းမြို့နယ် ကံမြင့်ကန် စစ်ဆေးရေးဂိတ်တွင် စစ်တွေမှ ရန်ကုန်သို့ထွက်ခွာလာသည့် မာန်သစ္စာ ခရီးသည်တင်ယာဥ်တွင် ခိုးဝှက်တင်ဆောင်လာသည့် မူဆလင် ၄ ဦးကို ဖမ်းဆီးခဲ့ပြီး ကားမောင်သူ ၃ ဦးကို ရာဇသတ်ကြီးပုဒ်မ-၃၆၇ဖြင့် အမှုဖွင့်ခဲ့သည်ဟုသိရသည်။

ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည့် မူဆလင်များကို သက်ဆိုင်ရာက ခရီးသွားခွင့်ပိတ်ပင်ထားပြီး တစ်ခြားပြည်နယ်နှင့် တိုင်းများသို့ သွားလာလျှင် အထောက်အထားမဲ့ဟု သတ်မှတ်ကာ အာဏာပိုင်များက ဖမ်းဆီး တရားစွဲဆိုမှုများရှိနေသည်ဟု သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...