ခြောက်မိုင် ဇီးဖြူကုန်းရပ်ကွက် ရေတွင်းထဲ ရုပ်အလောင်း နှစ်လောင်း KNDF တွေ့ရှိ

ခြောက်မိုင် ဇီးဖြူကုန်းရပ်ကွက် ရေတွင်းထဲ ရုပ်အလောင်း နှစ်လောင်း KNDF တွေ့ရှိ

မနေ့က (ဧပြီ ၂၇ရက်) KNDF B-09က နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ပြီး ခြောက်မိုင်အုပ်စု ဇီးဖြူကုန်းရပ်ကွက် အထဲ သောက်ရေတွင်းတစ်တွင်းမှာ ရုပ်အလောင်း နှစ် လောင်းတွေ့ရှိခဲ့တယ်လို့ KNDF B-09က ဒီကနေ့ မနက်မှာ သတင်းထုတ်ပြန်ပါတယ်။

ထိုသူ နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ သောက်ရေတွင်းထဲ ပစ်ချခဲ့တာဖြစ်ပြီး ရုပ်အလောင်းတွေက ပျက်စီးနေတဲ့အတွက် မည်သူတွေဖြစ်ကြောင်းကို KNDF B-09က စုံစမ်းနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရုပ်အလောင်း နှစ်လောင်းကို ဆယ်ယူပြီး KNDF B-09က ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၄ရက်နေ့မှာလည်း KNDF B-09 နယ်မြေရှင်းလင်းမှု လုပ်နေချိန် ခြောက်မိုင်ကျေးရွာအတွင်း စစ်ကောင်စီသတ်ဖြတ်ထားတဲ့ ရုပ်အလောင်း တွေ့ရှိခဲ့တာရှိပါတယ်။

ကရင်နီပြည် တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ ဒေသတွေမှာဆိုရင် အရပ်သားသတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေကို မကြာခဏ တွေ့ရှိနေတာဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ အရပ်သားသတ်ဖြတ်ခံရသူ ဧပြီ ၂၄ရက်နေ့အထိ (၂၄၇ ) ဦးရှိသွားပြီဖြစ်တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက် KCSNက ဖော်ပြထားပါတယ်။

May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...