AA နှင့်ဆက်စပ်သံသယဖြင့် ရခိုင်လူမျိုးများကိုဖမ်းဆီးမှုမှာ ဧရာ၀တီတိုင်းထိ ကျယ်ပြန့်လာ

AA နှင့်ဆက်စပ်သံသယဖြင့် ရခိုင်လူမျိုးများကိုဖမ်းဆီးမှုမှာ ဧရာ၀တီတိုင်းထိ ကျယ်ပြန့်လာ

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်ပတ်သက်မှု သံသယဖြင့် ဧရာ၀တီတိုင်းမှ ရခိုင်လူမျိုး ၃၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု ဧရာဝတီတိုင်းမ် သတင်းဌာနက ယနေ့ သတင်းဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီးရှိ  ကျေးရွာများမှ ဖြစ်ကြပြီး ရက္ခိုင့်တပ်တော်(AA) နှင့် ပတ်သတ်မှုရှိသည်ဟု ဆိုကာ  ဧပြီ ၁၉ရက်နေ့က စတင်ပြီး ဖမ်းဆီးမှုများပြုလုပ်နေသည်ဟု ဒေသခံများကို ကိုးကားပြီး ၎င်းသတင်းဌာနက သတင်းဖော်ပြသည်။

ဒေသခံ တစ်ဦးက"ဟိုင်းကြီးကျွန်းအပိုင်က ရခိုင်တိုင်းရင်းသားတွေနေတဲ့ ရွာတွေမှာ AA အဖွဲ့က လူတွေရှိတယ်။ စစ်သင်တန်း လာပေးနေတယ်ဆိုပြီး စစ်တပ်နဲ့ရဲကလိုက်ဖမ်းနေတာဗျ။ တစ်ရက်တစ်ရက်လာဖမ်းရင် ၉ ယောက် ၁၀ ယောက်လောက်ပါသွားတယ်။ ခု ၃၀ကျော်နေပြီ။ ဟိုင်းကြီးရေတပ်ထဲမှာ နှိပ်စက်နေတယ်လို့လဲကြားတယ် "ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောဆိုသည်ဟု သတင်းတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ ဟိုင်းကြီးကျွန်းမြို့ ၊ ငါးပြေမကျေးရွာအုပ်စု၊ ကညင်ချောင်း ကျေးရွာ၊ အဏ္ဏဝါကျေးရွာနှင့် ဇီးဖြူချောင်းရွာ၊ ကျွန်းတဖက်ကမ်းရှိ ကျေးရွာများက  ဒေသခံရခိုင်လူမျိုးများကို အဓိကထားပြီး ဖမ်းဆီးနေသည်ဟု ဒေသခံအချို့က ပြောဆိုသည်။

"ဒီနေ့ ဧပြီ (၂၇)ရက်နေ့မှာပဲ အိမ်စီးကားတွေနဲစစ်တပ်နဲရဲ အင်အား ၂၀ လောက်က မနက်အစောကြီး အဏ္ဏဝါရွာကိုဝိုင်းပြီး ရခိုင်လူမျိုးအမျိုးသား ၃ ဦးကိုဖမ်းသွားတယ်။ သူတို့ကသာမန်ရေလုပ်ငန်းလုပ်တဲ့ သူတွေပါ "လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်ဟု သတင်းတွင် ဖော်ပြထားသည်။

လက်ရှိမှာ ဖမ်းဆီးခံထားရသူများကို ဟိုင်းကြီးကျွန်းရေတပ်စခန်းဌာနချုပ်တွင်  စစ်ဆေးမှုများပြုလုပ်နေပြီး မိသားစုများနှင့်လည်း  အဆက်အသွယ်မရသေးဟု သိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...