AA နှင့်ဆက်စပ်သံသယဖြင့် ရခိုင်လူမျိုးများကိုဖမ်းဆီးမှုမှာ ဧရာ၀တီတိုင်းထိ ကျယ်ပြန့်လာ

AA နှင့်ဆက်စပ်သံသယဖြင့် ရခိုင်လူမျိုးများကိုဖမ်းဆီးမှုမှာ ဧရာ၀တီတိုင်းထိ ကျယ်ပြန့်လာ

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်ပတ်သက်မှု သံသယဖြင့် ဧရာ၀တီတိုင်းမှ ရခိုင်လူမျိုး ၃၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု ဧရာဝတီတိုင်းမ် သတင်းဌာနက ယနေ့ သတင်းဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီးရှိ  ကျေးရွာများမှ ဖြစ်ကြပြီး ရက္ခိုင့်တပ်တော်(AA) နှင့် ပတ်သတ်မှုရှိသည်ဟု ဆိုကာ  ဧပြီ ၁၉ရက်နေ့က စတင်ပြီး ဖမ်းဆီးမှုများပြုလုပ်နေသည်ဟု ဒေသခံများကို ကိုးကားပြီး ၎င်းသတင်းဌာနက သတင်းဖော်ပြသည်။

ဒေသခံ တစ်ဦးက"ဟိုင်းကြီးကျွန်းအပိုင်က ရခိုင်တိုင်းရင်းသားတွေနေတဲ့ ရွာတွေမှာ AA အဖွဲ့က လူတွေရှိတယ်။ စစ်သင်တန်း လာပေးနေတယ်ဆိုပြီး စစ်တပ်နဲ့ရဲကလိုက်ဖမ်းနေတာဗျ။ တစ်ရက်တစ်ရက်လာဖမ်းရင် ၉ ယောက် ၁၀ ယောက်လောက်ပါသွားတယ်။ ခု ၃၀ကျော်နေပြီ။ ဟိုင်းကြီးရေတပ်ထဲမှာ နှိပ်စက်နေတယ်လို့လဲကြားတယ် "ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောဆိုသည်ဟု သတင်းတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ ဟိုင်းကြီးကျွန်းမြို့ ၊ ငါးပြေမကျေးရွာအုပ်စု၊ ကညင်ချောင်း ကျေးရွာ၊ အဏ္ဏဝါကျေးရွာနှင့် ဇီးဖြူချောင်းရွာ၊ ကျွန်းတဖက်ကမ်းရှိ ကျေးရွာများက  ဒေသခံရခိုင်လူမျိုးများကို အဓိကထားပြီး ဖမ်းဆီးနေသည်ဟု ဒေသခံအချို့က ပြောဆိုသည်။

"ဒီနေ့ ဧပြီ (၂၇)ရက်နေ့မှာပဲ အိမ်စီးကားတွေနဲစစ်တပ်နဲရဲ အင်အား ၂၀ လောက်က မနက်အစောကြီး အဏ္ဏဝါရွာကိုဝိုင်းပြီး ရခိုင်လူမျိုးအမျိုးသား ၃ ဦးကိုဖမ်းသွားတယ်။ သူတို့ကသာမန်ရေလုပ်ငန်းလုပ်တဲ့ သူတွေပါ "လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်ဟု သတင်းတွင် ဖော်ပြထားသည်။

လက်ရှိမှာ ဖမ်းဆီးခံထားရသူများကို ဟိုင်းကြီးကျွန်းရေတပ်စခန်းဌာနချုပ်တွင်  စစ်ဆေးမှုများပြုလုပ်နေပြီး မိသားစုများနှင့်လည်း  အဆက်အသွယ်မရသေးဟု သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...