ရဲတပ်ဖွဲ့ မှ CDM များ NUG အစိုးရထံ အမြန်ဆက်သွယ်ရန် ထုတ်ပြန်

ရဲတပ်ဖွဲ့ မှ CDM များ NUG အစိုးရထံ အမြန်ဆက်သွယ်ရန် ထုတ်ပြန်

မြန်မာနိုင်ငံ တစ်ဝန်း CDM ပြုလုပ်ထားသော ရဲတပ်ဖွဲ့ စုစုပေါင်း ၆၀၀၀ ကျော် ရှိလာသော်လည်း ထက်ဝက်ခန့်သာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ချိတ်ဆက်နေသောကြောင့် ကျန်ရှိသူများလည်း အမြန်ဆက်သွယ်ရန် ထုတ်ပြန်ထားသည်။

ဧပြီလ ၂၅ ရက် ရက်စွဲဖြင့် ယနေ့ ထုတ်ပြန်သော NUG အစိုးရ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ စာရင်းအရ CDM ပြုလုပ်ထားသော ရဲတပ်ဖွဲ့ အင်အား ၆၀၀၀ မှ ၇၀၀၀ ကြားရှိပြီး CDM ပြည်သူ့ယာယီ ရဲတပ်ဖွဲ့နှင့် ဆက်သွယ်လာသော လူဦးရေ ၂၉၃၇ ဦးသာ ရှိကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် "အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှ စကာ ယနေ့အချိန်ထိ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာကြပြီး၊ ဝန်ကြီးဌာနရဲ့ CDM ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေး ကော်မတီနဲ့ ချိတ်ဆက်ပြီး ကျရာတာဝန် ထမ်းရွက်လုပ်ကိုင်လျက်ရှိသော CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင် အင်အားစာရင်းမှာ ဧပြီ ၂၅ ရက်အထိ စုစုပေါင်း ၂၉၃၇ ဦးရှိပါသည်” ဟု ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီထံ ပူးပေါင်းတာဝန်ထမ်းဟန်ဆောင်လျှက် ပြည်သူ့ဘက်ရပ်တည်နေသည့် Pre-CDM ရဲတပ်ဖွဲ့ဝင် အင်အားကလည်း (၃၄) ဦးထိ ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဝန်ကြီးဌာနမှ စုံစမ်းသိရှိရသမျှ  CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်အင်အားစာရင်းသည် ၆၀၀၀ နှင့် ၇၀၀၀ ကြားမှာရှိနေပြီး အခြားချိတ်ဆက်မရသော CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကို ဝန်ကြီးဌာနဘက်မှလည်းချိတ်ဆက်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိရာ၊ ချိတ်ဆက်မရသေးသော CDM ပြည်သူ့ရဲတပ်ဖွဲဝင်တွေများအနေဖြင့် ဝန်ကြီးဌာနရဲ့ ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေး ကော်မတီထံကို အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ပေးကြရန် ထုတ်ပြန်ထားသည်။

ပြည်သူ့ရင်ခွင် မခိုလှုံဘဲ စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ကိုင်နေသေးပါက  ပြည်သူအပေါ် အကြမ်းဖက်ရာ သက်ရောက်နေသည်ဟု မှတ်ယူထားပြီး အကြမ်းဖက်သမားမှန်သမျှကို ဘယ်ချိန်ဘယ်ကာလ ဖြစ်ဖြစ် တစ်ဦးတစ်ယောက်မျှ လွတ်မြောက်မှု မရှိစေဘဲ၊ တရားဥပဒေနဲ့အညီ အပြစ်ပေးအရေးယူခံရမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...