တနိုင်းမြို့နယ် ကျေးရွာအချို့မှာ ဓာတ်ဆီတစ်ဂါလံ ကျပ် ၂၀၀၀၀ နီးပါးအထိ စျေးတက်

တနိုင်းမြို့နယ် ကျေးရွာအချို့မှာ ဓာတ်ဆီတစ်ဂါလံ ကျပ် ၂၀၀၀၀ နီးပါးအထိ စျေးတက်

တနိုင်းမြို့နယ် ကျေးရွာအချို့မှာ ယနေ့ ဓာတ်ဆီတစ်ဂါလံ ကျပ် ၂၀ ၀၀၀ အနီးပါးအထိ စျေးမြင့်တက်နေကြောင်း သိရသည်။

တနိုင်းမြို့နှင့် အလှမ်းဝေးသည့် ကျေးရွာများဖြစ်သည့် တခက်၊ ခလုံး၊ တိန်ကောက်၊ လဂျားဘွမ်နဲ့အနီးတစ်ဝိုက် ကျေးရွာများတွင် လွန်ခဲ့သည့် ဧပြီ ၁၉ ရက်နေ့မှ စတင်ပြီး ဓာတ်ဆီ တစ်ဂါလံ ကျပ် ၁၈၀၀၀ အထိစျေးမြင့်တက်ခဲ့ပြီး ဒေသခံအချို့ သွားရေးလာရေးအခက်တွေ့နေရကြောင်း ဒခက်ကျေးရွာနေ အမျိုးသားတစ်ဦးက KNG သို့ပြောသည်။

"ဓာတ်ဆီတစ်ပုလင်းကို သုံးထောင်ပေးဝယ်ရတယ်။ တစ်ဂါလံဆိုရင်တော့ တစ်သောင်းရှစ်ထောင်ရှိတယ် တစ်သောင်းရှစ်ထောင်ထိ တက်တာက အရမ်းမကြာသေးဘူး။ တစ်ပတ်ကျော်ကျော်လောက်ပဲရှိသေးတယ်"ဟု ဒခတ်ကျေးရွာနေ ဦးစိန်နော် (အမည်လွဲ)က ပြောသည်။

တခက်ကျေးရွာတွင် ယခင်က ဓာတ်ဆီတစ်ဂါလံကျပ် ၁၃၀၀၀ ဝန်ကျင်သာရှိခဲ့ပြီး ယခုကဲ့သို့ စျေးတက်သွားသည့်အတွက် ဒေသခံများ သွားရေးလာရေးအဆင်မပြေကြောင်းလည်း သိရသည်။

"ဟုတ်တယ်ဆီစျေးတက်တော့ဒေသခံတွေ သွားရေးလာရေးအရင်လိုအဆင်မပြေကြဘူး။ တချို့ကအခင်းလုပ်ဘာလုပ်လည်း အဝေးကြီးမှာလုပ်ရတာဆိုတော့ ခက်ခဲတာပေါ့ ဒီဘက်မှာက ဝင်ငွေရတဲ့စီးပွားရေး လမ်းကြောင်းကလည်းမရှိဘူးလေ"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းကျေးရွာများတွင် ဓာတ်ဆီစျေးမြင့်တက်လာသည်နဲ့တစ်ပြိုင်တည်း အချို့စားသောက်ကုန်နဲ့ လူသုံးကုန်များလည်းစျေးတက်နေကြောင်း ဦးစိန်နော်(အမည်လွဲ)က ပြောသည်။

"တခြားကုန်စျေးနှုန်းကတော့ဓာတ်ဆီတက်ရင်တော့ တက်တယ်အားလုံးတက်တယ်။ ဖယောင်းတိုင်တွေဆိုရင်လည်း အရင်က တစ်ထောင်တန်က အခု တစ်ထောင့်နှစ်ရာ ဆန်ဆိုရင်လည်း နို့ဆီဗူးဆယ်လုံးကို ၂၇၀၀ ကနေ ၂၈၀၀ အထိရှိတယ်"ဟု ၎င်းကပြောသည်။

ကချင်ပြည်နယ်တွင် ဧပြီ ၁၉ ရက်နေ့မှစတင်ကာ ဓာတ်ဆီစျေးတစ်ဟုန်ထိုးမြင့်တက်ခဲ့ပြီးနောက် ဧပြီ ၂၄ ရက်နေ့ နောက်ပိုင်း စျေးပြန်ကျလာရာ ယနေ့ မြစ်ကြီးနားမြို့တွင် ၉၃ တစ်လီတာ ကျပ် ၂၃၆၀ နှင့် ၉၅ တစ်လီတာ ကျပ်၂၄၃၀ အထိရှိကြောင်းသိရသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...